ငယ်​ဘဝ၏ ပထမဆုံး​​အနမ်း​ကို လူအများ​စု အလွန်​​အမှတ်တရ​​ရှိတတ်

alt

​လေ့​လာမှုများ​အရ လူအများ​စုသည် မိမိတို့​ ငယ်ဘဝ၏ ပထမဆုံး​ အနမ်း​ကို မိမိတို့​၏ အပျိုရည်၊​ လူပျိုရည် ဆုံး​ရှံုး​ခဲ့​ချိန်ထက် အမှတ်တရ ရှိ​နေတတ်​ကြောင်း​ သိရသည်။

သိပ္ပံပညာရှင်များ​က ​ကျောင်း​များ​ရှိ ဒစ္စကို ကပွဲများ​၊​ လူငယ်ချင်း​ ချိန်း​တွေ့​မှုများ​ကို အများ​စုက ငယ်ဘဝ၏ အမှတ်တရများ​အဖြစ် သတိတရ ရှိ​နေ​ကြောင်း​ဆိုသည်။ သိပ္ပံပညာရှင် ရှယ်ရီ ခရစ်ရှာဘန်း​က အဆိုပါ ​တွေ့​ရှိမှုများ​ကို မှတ်တမ်း​တင် စာအုပ်တစ်အုပ် ​ရေး​သား​ခဲ့​ရာ လူအား​လုံး​၏ ၉၀ ရာခိုင်နှုန်း​မျှသည် ပထမဆုံး​အနမ်း​၏ ရင်ခုန်တိမ်း​မူး​မှုကို ပထမဆုံး​ ဆန့်​ကျင်ဖက်လိင်နှင့်​ အတူအိပ်ခြင်း​ထက် ပိုမိုအမှတ်တရ ရှိတတ်​ကြောင်း​ ထည့်​သွင်း​ဖော်ပြထား​သည်။ The Science of Kissing: What Our Lips Are Telling Us ဆို​သော စာအုပ်တွင် ခရစ်ရှာဘန်း​က နမ်း​ရှုပ်ခြင်း​သည် ခန္ဓာကိုယ်ချင်း​ ရင်း​နှီး​ထိ​တွေ့​ခြင်း​တွင် အခရာအကျဆုံး​ အ​ခြေခံ လုပ်​ဆောင်မှု တစ်ခုဟု ​ဖော်ပြခဲ့​သည်။

အမျိုး​သမီး​များ​သည် အနမ်း​ကြောင့်​ တက်ကြွမှု၊​ ပွင့်​လင်း​မှုများ​ကို လှံု့​ဆော်ရရှိလာ​စေသလို အမျိုး​သား​များ​အတွက်လည်း​ အဖိုဟိုမုန်း​ Testosterone ပမာဏအား​ တိုး​ပွား​လာ​စေ​ကြောင်း​ စာအုပ်အတွင်း​ ​ရေး​သား​ထား​သည်။ အ​မေရိကန်နိုင်ငံ၊​ တက္ကဆက် တက္ကသိုလ်မှ သု​တေသီ တစ်ဦး​ဖြစ်​သော စာ​ရေး​သူက နမ်း​ရှုပ်စဉ် လူအများ​၏ ဦး​နှောက်တွင် သံလိုက်လှိုင်း​များ​ ​စေ့​ဆော်ဖြတ်သန်း​မှုကိုလည်း​ ပုံများ​ထည့်​သွင်း​ကာ စနစ်တကျ ရှင်း​ပြခဲ့​သည်။

သူမ၏ စာအုပ်အတွင်း​ အိန္ဒိယတွင် လွန်ခဲ့​သော နှစ်​ပေါင်း​ ၃၅၀၀ ​ကျော်က အနမ်း​ယဉ်​ကျေး​မှု စတင်လာပုံကိုလည်း​ ​ခြေရာခံ ထုတ်နှုတ်​ဖော်ပြထား​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here