တူနီး​ရှား​တွင် ဆန္ဒပြသူများ​နှင့်​ ရဲတပ်ဖွဲ့​ အဓိကရုဏ်များ​ဖြစ်

alt

တူနီး​ရှား​နိုင်ငံတွင် ဆန္ဒပြသူများ​နှင့်​ ရဲများ​ကြား​ အဓိကရုဏ်း​များ​ကြောင့်​ ​ဒေသအချို့​တွင် ဆန္ဒပြသူများ​ ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ တာလာတွင် အနည်း​ဆုံး​ လူ ၆ ဦး​သေဆုံး​ပြီး​ ​နောက်ထပ် ၆ ဦး​ထက်မနည်း​ ဒဏ်ရာများ​ ရခဲ့​ကြောင်း​ သတင်း​များ​ကဆိုသည်။

ကက်ဆာရင်း​တွင်လည်း​ ​နောက်ထပ် လူ ၁၄ ဦး​ ​သေဆုံး​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လျက်ရှိသည်။ ပဋိပက္ခများ​ကြောင့်​ တာလာ၊​ ကက်ဆာရင်း​နှင့်​ ရီဂက်တို့​တွင် အနည်း​ဆုံး​ လူ ၁၄ ဦး​သေဆုံး​ကြောင်း​ အာဏာပိုင်များ​က ​ပြောကြား​ခဲ့​သည်။ ထို့​အတူ ရဲတပ်ဖွဲ့​ဝင် အ​တော်များ​များ​လည်း​ ဒဏ်ရာများ​ ရရှိခဲ့​သည်။ အ​ခြေအ​နေ ဆိုး​ရွား​လာ​သော လူအုပ်ကြီး​ကို လုံခြံု​ရေး​ တပ်ဖွဲ့​များ​က ပစ်ခတ်ခဲ့​ခြင်း​ကြောင့်​ ယခုလို အ​သေအ​ပျောက်များ​ ဖြစ်​ပေါ်ခဲ့​ခြင်း​ဟု မျက်မြင်များ​ကဆိုသည်။

ဆန္ဒပြသူများ​ကလည်း​ ရဲများ​ထံ ​ကျောက်ခဲများ​ဖြင့်​ တုန့်​ပြန်ပစ်ခတ်ခဲ့​သည်။ နိုင်ငံအလယ်ပိုင်း​ ဆီဒီဘူဇစ်တွင် အလုပ်လက်မဲ့​ လူငယ်အ​ရေအတွက် တိုး​ပွား​လာခြင်း​ကို မ​ကျေနပ်၍ ဆန္ဒပြရာမှ ယခုကဲ့​သို့​ မတည်မငြိမ် အ​ခြေအ​နေမျိုး​ စတင်လာခြင်း​ဖြစ်သည်။ သမ္မတ ဇိုင်အယ်အဘီဒင်း​ ဘန်အလီက စည်း​မဲ့​ကမ်း​မဲ့​ ဆန္ဒပြမှုများ​သည် လက်ခံနိုင်စရာ အ​ခြေအ​နေမျိုး​ မဟုတ်သလို နိုင်ငံလုံခြံု​ရေး​ကို ထိပါး​စေနိုင်​ကြောင်း​ စွပ်စွဲ​ပြောကြား​သွား​သည်။ တူနီး​ရှား​တွင် ဆန္ဒပြမှုများ​သည် ဖြစ်ခဲ​သော အ​ခြေအ​နေမျိုး​ဖြစ်သည်။

လွန်ခဲ့​သော ၅၅ နှစ်က ပြင်သစ်ထံမှ လွတ်လပ်​ရေး​ ရပြီး​နောက်ပိုင်း​ တူနီး​ရှား​တွင် သမ္မတ နှစ်ဦး​သာ အုပ်ချုပ်ခဲ့​သလို အ​နောက်နိုင်ငံများ​ကလည်း​ တူနီး​ရှား​အား​ အာရပ်ကမ္ဘာတွင် နိုင်ငံ​ရေး​ အတည်ငြိမ်ဆုံး​ စံပြနိုင်ငံအဖြစ် ချီး​ကျူး​သတ်မှတ်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here