နယူး​ယောက်မြို့​တွင် ခရီး​သည်များ​ အတွင်း​ခံ​​ဘောင်း​ဘီဖြင့်​ ရထား​စီး​သည့်​ အထိမ်း​အမှတ်​ပြုလုပ်

alt

ဇန်နဝါရီလ ၉ ရက်​နေ့​က အ​မေရိကန်နိုင်ငံ၊​ နယူး​ယောက်မြို့​ရှိ ​မြေ​အောက်ရထား​လမ်း​များ​တွင် ခရီး​သည် အချို့​သည် ​ဘောင်း​ဘီမဝတ်ဘဲ အတွင်း​ခံ ​ဘောင်း​ဘီဖြင့်​သာ သွား​လာခဲ့​ကြောင်း​ သိရသည်။

နှစ်စဉ်ကျင်း​ပသည့်​ ​ဘောင်း​ဘီမဲ့​ ​မြေ​အောက်ရထား​စီး​ခြင်း​ အထိမ်း​အမှတ် ၁၀ ကြိမ်​မြောက်အဖြစ် ​ဒေသစံ​တော်ချိန် ည​နေ ၃ နာရီမှ ၆ နာရီကြား​ အတွင်း​ခံ ​ဘောင်း​ဘီဖြင့်​ ရထား​စီး​ကာ ဆင်နွှဲခဲ့​ခြင်း​ဖြစ်သည်။ အ​ပျော်သ​ဘောမျိုး​ ပြုလုပ်သည့်​ လှုပ်ရှား​မှုအတွင်း​ အဖွဲ့​အလိုက် ​ခေါင်း​ဆောင်များ​ ပါဝင်ပြီး​ ရထား​စီး​စဉ် အတွင်း​ခံ​ဘောင်း​ဘီသာ ဝတ်ထား​သူ အချင်း​ချင်း​ စကား​ပြောခြင်း​၊​ ဓာတ်ပုံရိုက်ခြင်း​များ​ မပြုလုပ်ရန် ညွှန်ကြား​ခဲ့​ကြောင်း​ သိရသည်။

လှုပ်ရှား​မှုကို ဦး​ဆောင်သူ တစ်ဦး​ဖြစ်သူ ဂျက်ဆီဂွတ်က သမား​ရိုး​ကျ ပုံစံမျိုး​ မဟုတ်ဘဲ ရထား​ပေါ်တွင် အတွင်း​ခံ​ဘောင်း​ဘီသာ ဝတ်ထား​သူများ​အား​ မြင်​တွေ့​ရခြင်း​သည် ရယ်ရွှင်ဖွယ်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ မိမိတို့​အ​နေနှင့်​ အခြား​သူများ​၏ မျက်နှာကို ကြည့်​စရာ မလိုသလို ရထား​ပေါ်ရှိ တိုင်များ​ကို အသုံး​ပြုကာ တိုင်ဖက်အက ကပြရန်လည်း​ မလို​ကြောင်း​ ဂွတ်ကဆိုသည်။

ယင်း​နှင့်​အလား​တူ လှုပ်ရှား​မှုမျိုး​ကို အခြား​နိုင်ငံ​ပေါင်း​ ၂၄ ခုရှိ ​ဒေသဆိုင်ရာ ​မြေ​အောက်ရထား​လိုင်း​ ၅၀ ​ကျော်တို့​တွင် ပြုလုပ်ခဲ့​ပြီး​ ဘာစီလိုနာ၊​ မက္ကစီကိုစီး​တီး​၊​ လန်ဒန်နှင့်​ အမ်စတာဒမ် မြို့​များ​လည်း​ ပါဝင်ဆင်နွှဲခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here