အဲဗစ်ပရက်စ​လေနှင့်​ စံချိန်တူသွား​သည့်​ ရီဟာနာ

alt

R&B ဂီတ အဆို​တော် ရီဟာနာတစ်​ယောက် နာမည်​ကျော် အဆို​တော်ကြီး​ အဲဗစ်ပရက်စ​လေနှင့်​ စံချိန်တစ်ခုတွင် တူညီစွာ ရပ်တည်နိုင်ခဲ့​ကြောင်း​ သိရသည်။

ဇန်နဝါရီလ ၉ ရက်​နေ့​က ဘာ​ဘေး​ဒိုး​ဖွား​ အဆို​တော်မ​လေး​သည် ၅ နှစ်ဆက်တိုက် ​ရောင်း​အား​အ​ကောင်း​ဆုံး​ Chart စာရင်း​တွင် ထိပ်ဆုံး​ရပ်တည်နိုင်သည့်​ ပထမဆုံး​ သီချင်း​ပိုင်ရှင် အမျိုး​သမီး​ အဆို​တော် ဖြစ်လာသည်။ ယင်း​စံချိန်မျိုး​ကို ၁၉၅၀ ပြည့်​ နှစ်များ​က ပရက်စ​လေလည်း​ ရရှိခဲ့​ဖူး​သည်။

ရီဟာနာသည် What’s My Name သီချင်း​ဖြင့်​ Chart ၏ ထိပ်ဆုံး​နေရာ ရခဲ့​ပြီး​နောက် ဂုဏ်ယူ​ လောက်ဖွယ် စံချိန်ကို ရရှိခဲ့​ခြင်း​ဖြစ်သည်။ အသက် ၂၂ နှစ်အရွယ် အဆို​တော်၏ သီချင်း​သည် X Factor ချန်ပီယံ မတ်ကာဒယ်၏ When We Collide ကို ​ကျော်ဖြတ်ကာ ထိပ်ဆုံး​မှ ရပ်တည်ခဲ့​ခြင်း​ဖြစ်သည်။ သူမ၏ အယ်ဘမ်ဖြစ်​သော Loud သည်လည်း​ ဗြိတိသျှ Rap အဆို​တော် Plan B ၏ The Defamation of Strickland Banks ကို ​ကျော်ဖြတ်ကာ ​ရောင်း​အ​ကောင်း​ဆုံး​ အယ်ဘမ်အဖြစ် ရပ်တည်နိုင်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here