ထိုင်း​နိုင်ငံတွင် ရှပ်နီဝတ်များ​ ချီတက်ဆန္ဒပြ

alt

ထိုင်း​နိုင်ငံတွင် အ​ရေး​ပေါ် အ​ခြေအ​နေ ရုတ်သိမ်း​ခဲ့​ပြီး​နောက် အစိုး​ရ ဆန့်​ကျင်​ရေး​ ရှပ်နီတပ်ဖွဲ့​များ​ အကြီး​မား​ဆုံး​ အင်အား​ပြ စုရုံး​မှုတစ်ခုကို ဇန်နဝါရီလ ၉ ရက်​နေ့​က ဘန်​ကောက်မြို့​တော်တွင် ပြုလုပ်ခဲ့​သည်။

လူ​ပေါင်း​ သုံး​သောင်း​ကျော် ပါဝင်​သော ရှပ်နီများ​ ဘန်​ ကောက်တွင် စုရုံး​က ယမန်နှစ်က နိုင်ငံ​ရေး​ ပဋိပက္ခများ​အတွင်း​ အဖမ်း​ခံထား​ရသည့်​ မိမိတို့​ ​ခေါင်း​ဆောင်များ​အား​ ပြန်လွှတ်​ပေး​ရန် အစိုး​ရကို ​ တောင်း​ဆိုခဲ့​ကြသည်။ ထို​နေ့​က အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုသည် ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ပင် ဖြစ်​သော်လည်း​ ရက်ချာပရာဆွန်ဂန် ​ဈေး​ဝယ်ဧရိယာ အနီး​တဝိုက်တွင်မူ ရဲများ​က လမ်း​ပေါ်သို့​ အတား​အဆီး​များ​ချကာ ဆန္ဒပြ ချီတက်သူများ​ကို ပိတ်ဆို့​ခဲ့​ကြသည်။ ရဲအရာရှိ ၁၀၀၀ ​ကျော်မှာလည်း​ ဆန္ဒပြသူများ​ အနီး​တွင် တပ်ဖြန့်​နေရာယူခဲ့​သည်။

ရှပ်နီ ​ခေါင်း​ဆောင်တစ်ဦး​ဖြစ်သူ ဂျာတူပွန် ပရွန်ပန်သည် ပြီး​ခဲ့​သည့်​နှစ် ဆန္ဒပြ ​ခေါင်း​ ဆောင်များ​ကို ဖမ်း​ဆီး​ရာတွင် ​ရှောင်တိမ်း​နေခဲ့​ပြီး​ မိမိအ​နေနှင့်​ နိုင်ငံ​ရေး​အရ တိုက်ပွဲဝင်သွား​ရန် ဆုံး​ဖြတ်ထား​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ပြီး​ခဲ့​ သည့်​နှစ် မတ်လမှ ​မေလထိ ကြာမြင့်​သော ဆန္ဒပြမှုများ​အတွင်း​ လူ​ပေါင်း​ ၉၀ ​ကျော် ​သေဆုံး​ပြီး​ ၁၄၀၀ ​ကျော် ဒဏ်ရာများ​ ရရှိခဲ့​သည်။

ထိုင်း​ ဝန်ကြီး​ချုပ် အဘီဆစ် ဗီဂျာဂျီဗာသည် ဆန္ဒပြမှုများ​ကို အင်အား​သုံး​ နှိမ်နင်း​ခဲ့​ပြီး​နောက် ဘန်​ကောက်နှင့်​ အချို့​သော ​ဒေသများ​ကို လ​ပေါင်း​ အတန်ကြာ အ​ရေး​ပေါ် အ​ခြေအ​နေ ပြဌာန်း​ထိန်း​ချုပ်ထား​ပြီး​ မကြာ​သေး​မီကမှ ယင်း​ကို ရုတ်သိမ်း​ပေး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သတင်း​များ​က ​ ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here