အာဖဂန်နစ္စတန်သို့​ မရိန်း​စစ်သား​များ​ ထပ်မံပို့​လွှတ်ရန် အ​မေရိကန်စီစဉ်

alt

အ​မေရိကန် အစိုး​ရသည် မရိန်း​ စစ်သည် ၁၀၀၀ ​ကျော်ကို အာဖဂန်​နစ္စတန်သို့​ အင်အား​ဖြည့်​ ပို့​လွှတ်ရန် စီစဉ်​​နေ​ကြောင်း​ သိရသည်။ ဇူလိုင်လ​အတွင်း​ NATO နိုင်ငံ​​အချို့​တို့​က အာဖဂန်မှ စစ်သည်​အချို့​အား​ အင်အား​​လျှော့​ချရန် စတင်​မည်ဖြစ်ရာ

ယင်း​​မတိုင်မီ မရိန်း​ တပ်သား​များ​ အင်အား​ဖြည့်​သွား​ရန် စီစဉ်​​နေ​ကြောင်း​ ကာကွယ်​ရေး​​ဝန်ကြီး​ ​ရောဘတ်ဂစ်က ​ပြောကြား​ခဲ့​သည်။ အထူး​သဖြင့်​ ဟယ်မန်​​ဒေသသို့​ အား​ဖြည့်​မှုများ​ ပြုလုပ်​သွား​မည်ဖြစ်သည်။ တာလီဘန်တို့​ အင်အား​​ကြီး​မား​နေဆဲဖြစ်သည့်​ ဟယ်မန်တွင် ယခု​​လော​လောဆယ် မရိန်း​​စစ်သည် နှစ်​ သောင်း​ကျော် တပ်စွဲထား​သည်။

ပင်တဂွန်မှ ဗိုလ်မှူး​ချုပ် ရစ်ချတ်​မေး​က အမှတ် ၂၆ မရိန်း​တပ်မမှ အင်အား​ ၁၀၀၀ ​ကျော်ကို ​စေလွှတ်မည်ဖြစ်​ ကြောင်း​ အတည်ပြုခဲ့​သည်။ ယင်း​တပ်မသည် လက်ရှိတွင် အိန္ဒိယ သမုဒ္ဒရာနှင့်​ အာ​ရေး​ဘီး​ယန်း​ ပင်လယ်တို့​တွင် တပ်စွဲထား​သည်။ အ​မေရိကန် သမ္မတ ဘာရတ်အိုဘား​မား​သည် ၂၀၀၉ ခုနှစ်၊​ ဒီဇင်ဘာလကတည်း​က ၎င်းသည် အာဖဂန်သို့​ စစ်သည် သုံး​သောင်း​ကျော် အင်အား​ဖြည့်​ ပို့​ လွှတ်ခဲ့​ကြောင်း​ ​ပြောဆိုထား​သည်။ အ​မေရိကန်သည် အာဖဂန်မှ စစ်သည်များ​ကို ဇူလိုင်လအတွင်း​ စတင်ဆုတ်ခွာရန် ပြင်ဆင်ထား​သော်လည်း​ စစ်ဖက်အကြီး​အကဲများ​က ယင်း​ကာလသည် အကြမ်း​ဖက်သမား​များ​အတွက် အခွင့်​သာ​စေမည်ဟု သုံး​သပ်ထား​သည်။ ထို့​ကြောင့်​ အ​ မေရိကန်သည် ၂၀၁၄ ထိ အာဖဂန်တွင် စစ်ဆင်​ရေး​များ​ ဆက်လက်​ဆောင်ရွက်ရန် စီစဉ်​နေဆဲဖြစ်သည်။

ပြီး​ခဲ့​သည့်​လပိုင်း​က အိုဘား​မား​သည် အာဖဂန်သို့​ သွား​ရောက်ကာ စစ်ဖက်ဆိုင်ရာ ​ခေါင်း​ဆောင်များ​နှင့်​ ​တွေ့​ဆုံခဲ့​ပြီး​နောက် အ​မေရိကန်စစ်​ရေး​လှုပ်ရှား​မှုသည် တာလီဘန်တို့​အား​ အရှိန်တန့်​အောင် ​ဆောင်ရွက်နိုင်ခဲ့​ပြီး​ အကြမ်း​ဖက်မှု နှိမ်နင်း​ရေး​တွင် များ​စွာအကျိုး​ဖြစ်ထွန်း​ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here