အီရန် ခရီး​သည်တင်​ လေယာဉ်ပျက်ကျ

alt

အီရန်နိုင်ငံတွင် ခရီး​သည်တင် ​လေယာဉ်တစ်စင်း​ ပျက်ကျမှု​ကြောင့်​ လူ ရ၇ ဦး​ ​သေဆုံး​ခဲ့​ကြောင်း​ သိရသည်။ ဇန်နဝါရီလ ၉ ရက်​နေ့​က အီရန်​လေ​ကြောင်း​ပိုင် Boeing 727 ​လေယာဉ်ပျက်ခြင်း​သည် နည်း​စနစ်ပိုင်း​ဆိုင်ရာ ချွတ်ယွင်း​ချက်များ​ကြောင့်​ဟု

စုံစမ်း​စစ်​ဆေး​ရေး​ အာဏာပိုင်များ​က ​ပြောကြား​ခဲ့​သည်။ ​လေယာဉ်သည် တဟီရန်မြို့​မှ ပျံတက်လာပြီး​ အိုရူမီယာတွင် အ​ရေး​ပေါ် ဆင်း​သက်စဉ် ပျက်ကျခဲ့​ခြင်း​ ဖြစ်သည်။ လူ​ပေါင်း​ ၁၀၆ ဦး​ကို တင်​ဆောင်လာသည့်​ ​လေယာဉ်သည် ပျက်ကျစဉ် အပိုင်း​ပိုင်း​ ပြတ်သွား​သော်လည်း​ လူ​ပေါင်း​ ၃၀ ​ကျော် အသက်ရှင်ခဲ့​သည်။ အီရန်အစိုး​ရပိုင် သတင်း​ဌာနများ​က ​သေဆုံး​သူ အ​ရေအတွက် ရ၇ ဦး​ရှိ​ကြောင်း​ ​ပြောဆိုထား​သော်လည်း​ ​သေဆုံး​သူ အ​ ရေအတွက်နှင့်​ ပတ်သက်၍ အမျိုး​မျိုး​ ခန့်​မှန်း​နေဆဲဖြစ်သည်။ ​

လေယာဉ်သည် ​မြေပြင်နှင့်​ ပြင်း​ပြင်း​ထန်ထန် ရိုက်ခတ်မှု​ကြောင့်​ အပိုင်း​အစများ​ အဖြစ် ကျိုး​ကြေသွား​သည့်​တိုင် မီး​လောင်​ပေါက်ကွဲခဲ့​ခြင်း​ မရှိသဖြင့်​ လူအချို့​ အသက်ရှင်ခွင့်​ ရခဲ့​ခြင်း​ဖြစ်သည်။ သို့​သော်လည်း​ အ​မှောင်ထုနှင့်​ ထူထဲစွာ ကျဆင်း​နေ​သော ဆီး​နှင်း​များ​ကြောင့်​ ​လေယာဉ်ပျက်သို့​ ကယ်ဆယ်​ရေး​များ​ ချက်ချင်း​သွား​ရောက်နိုင်​ရေး​တွင် အဟန့်​အတား​များ​ ဖြစ်​ ပေါ်ခဲ့​သည်။

အီရန်သည် ပြီး​ခဲ့​သည့်​ နှစ်ပိုင်း​များ​အတွင်း​ ခရီး​သည်တင်​လေယာဉ် ပျက်ကျမှုများ​ မကြာခဏ ဖြစ်ပွား​လေ့​ရှိပြီး​ အဓိကအား​ဖြင့်​ နည်း​ ပညာ အား​နည်း​မှုနှင့်​ ​လေယာဉ်ထိန်း​သိမ်း​မှု လုပ်​ဆောင်ချက်များ​ ညံ့​ဖျင်း​မှုတို့​ကြောင့်​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here