အိုင်ယာလန်​ကမ္ဘာလှည့်​​ခရီး​သည်တစ်ဦး​ မ​လေး​ရှား​တွင် ​ခွေး​ကိုက်​ခံရသဖြင့်​​သေဆုံး​

alt

အိုင်ယာလန်သား​ ကမ္ဘာလှည့်​ ခရီး​သည် တစ်ဦး​သည် မ​လေး​ရှား​တွင် ​ခွေး​များ​၏ ဝိုင်း​ဝန်း​တိုက်ခိုက်မှု​ကြောင့်​ ​သေဆုံး​သွား​ ကြောင်း​ သိရသည်။ ပီနန်ရှိ ​ဂျော့​တောင်း​မှ ၂၅ ကီလိုမီတာအကွာ တီလွတ်ဘာဟန်း​ရှိ ​အော်ဂင်း​နစ် သီး​နှံစိုက်ခင်း​ တစ်ခုအတွင်း​ ​ခွေး​နှစ်​ကောင်

တိုက်ခိုက်မှု​ကြောင့်​ အသက် ၅၀ အရွယ် ​မော်ရိုက် ဆူလီဗန် ​သေဆုံး​ခဲ့​ကြောင်း​ သတင်း​များ​ကဆိုသည်။

ဇန်နဝါရီလ ၉ ရက်​နေ့​က ဖြစ်ရပ်အတွင်း​ ဆူလီဗန်မှာ ခန္ဓာကိုယ်အနှံ့​ ဒဏ်ရာများ​စွာ ရရှိပြီး​ အသက်ဆုံး​ရှံုး​ခဲ့​ရသည်။ အသက် ၂၈ နှစ်အရွယ် ပိုလန်နိုင်ငံသူ ချစ်သူ အက်နစ်စကား​ ဂျက်ဘလွန်စကား​နှင့်​အတူ စိုက်ခင်း​သို့​ ​ရောက်ရှိလာသည့်​ ဆူလီဗန်သည် ဂျက်ဘလွန်စကား​ ဓာတ်ပုံသွား​ရိုက်​နေစဉ် ​ခွေး​များ​နှင့်​ ထိပ်တိုက်ရင်ဆိုင်ခဲ့​ရခြင်း​ဖြစ်သည်။

အသက် ၄၁ နှစ်ရှိပြီး​ တာအိုဟုသာ အမည်​ဖော်ပြခဲ့​သည့်​ စိုက်ခင်း​ပိုင်ရှင်က ၎င်းသည် ဆူလီဗန်နှင့်​ သိကျွမ်း​ခဲ့​ သည်မှာ ၂၄ နာရီမျှသာ ရှိ​သေး​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဆူလီဗန်သည် ပီနန်သို့​ ​ရောက်ရှိ​နေစဉ် စိုက်ခင်း​သို့​ အလည်လာရန် ဖိတ်​ခေါ်ခဲ့​ကြောင်း​ တာအိုကဆိုသည်။ ကံဆိုး​စွာဖြင့်​ ထိုအချိန်က မွန်ဂရယ် အမျိုး​အစား​ ​ခွေး​ကြီး​နှစ်​ကောင်မှာ ချည်မထား​ဘဲ လွတ်လွတ်လပ်လပ် ရှိ​နေခြင်း​ဖြစ်သည်။

ရဲတပ်ဖွဲ့​သည် ဖြစ်စဉ်နှင့်​ ပတ်သက်ပြီး​ စုံစမ်း​နေဆဲဖြစ်သည်။ သတင်း​များ​အရ ဆူလီဗန်အား​ ကိုက်သတ်ခဲ့​သည့်​ ​ခွေး​များ​ကို အဆုံး​စီရင်ဖွယ် ရှိ​နေ​ ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here