ဘရာဇီး​မြို့​တော်တွင် ဒုစရိုက်ဂိုဏ်များ​အား​ ရဲတပ်ဖွဲ့​စီး​နင်း​

alt

ဘရာဇီး​ရဲတပ်ဖွဲ့​သည် ရီယိုဒီဂျ​နေရိုး​ မြို့​တော်ရှိ ဒုစရိုက်ဂိုဏ်း​များ​ ခို​အောင်း​နေရာ ဆင်း​ရဲသား​ရပ်ကွက် ၃ ခုကို ဝင်​ရောက်စီး​ နင်း​ခဲ့​ကြောင်း​ သိရသည်။ အထူး​ရဲတပ်ဖွဲ့​ဝင် ၂၅၀ ​ကျော်တို့​သည် ယင်း​ရပ်ကွက်များ​ကို ပိတ်ဆို့​ကာ ဒုစရိုက်ဂိုဏ်း​များ​ကို ဝင်​ရောက်ရှာ​ဖွေခဲ့​ခြင်း​ ဖြစ်သည်။

ယမန်နှစ်က သမ္မတ​ဟောင်း​ လူလာဒါ​ဆေး​ဗား​ လက်ထက်မှစပြီး​ ရဲတပ်ဖွဲ့​ ဩဇာအာဏာ လက်လှမ်း​မမီသည့်​ ဆင်း​ရဲသား​ ရပ်ကွက်များ​အတွင်း​ ခို​အောင်း​နေ​သော ဒုစရိုက်သမား​များ​ကို စီး​နင်း​ဖမ်း​ဆီး​မှုများ​ ပြုလုပ်လာခြင်း​ဖြစ်သည်။ ဒီဇင်ဘာ ၆ ရက်​နေ့​က စီး​နင်း​မှုသည် ငြိမ်း​ချမ်း​စွာ ပြီး​ဆုံး​သွား​သော်လည်း​ ဒုစရိုက်ဂိုဏ်း​သား​ အ​တော်များ​များ​ လွတ်​မြောက်သွား​ကြောင်း​ ရဲတပ်ဖွဲ့​မှ ဗိုလ်ကြီး​ အိုင်ဗင်ဘလက်ဇ်က ​ ပြောဆိုသွား​သည်။ မိမိတို့​အ​နေနှင့်​ လက်နက်ကိုင် ဒုစရိုက်ဂိုဏ်း​သား​များ​ စီး​နင်း​တပ်စွဲထား​သည့်​ အိမ်များ​ကြား​ ဖြည်း​ဖြည်း​သာ ချီတက်နိုင်ခဲ့​ ကြောင်း​ ၎င်းကဆိုသည်။

ဘရာဇီး​ အစိုး​ရသည် ရီယိုမြို့​ရှိ မူး​ယစ်​ဆေး​ဝါး​နှင့်​ ဆက်နွယ်​သော ဒုစရိုက်ဂိုဏ်း​များ​ကို မိမိနိုင်ငံတွင် လက်ခံကျင်း​ပမည့်​ ၂၀၁၄ ကမ္ဘာ့​ဖလား​ ​ဘောလုံး​ပြိုင်ပွဲနှင့်​ ၂၀၁၆ အိုလံပစ်ပြိုင်ပွဲတို့​ မတိုင်မီ ဖယ်ရှား​ရှင်း​လင်း​ရန် အပူတပြင်း​ ​ဆောင်ရွက်လျက်ရှိ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here