စတုတ္ထ​မြောက် က​လေး​​ရ​တော့​မည့်​ ဘက်ခမ်း​​ဇနီး​​မောင်နှံ

alt

ဒေး​ဗစ်ဘက်ခမ်း​နှင့်​ ဇနီး​ဖြစ်သူ ဗစ်တိုး​ရီး​ယား​ ဘက်ခမ်း​တို့​ စတုတ္ထ​မြောက် က​လေး​ရ​တော့​မည်ဟု သိရသည်။ အင်္ဂလန် ​ ဘောလုံး​ကြယ်ပွင့်​က ဝမ်း​မြောက်​ပျော်ရွှင်ဖွယ် သတင်း​ကို Facebook တွင် လွှင့်​တင်ခဲ့​ပြီး​ လာမည့်​နွေရာသီတွင်

က​လေး​ငယ်ကို ဖွား​မြင်မည်ဟု ပရိသတ်အား​ အသိ​ပေး​ခဲ့​သည်။ ဘက်ခမ်း​မိသား​စု ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ်က နာမည်​ကျော် ဖက်ရှင်ဒီဇိုင်နာ၏ ကိုယ်ဝန်မှာ မည်မျှလရင့်​နေသည်ကို ထုတ်​ဖော်​ပြောဆိုရန် ငြင်း​ဆန်သွား​သည်။

၁၉၉၉ ခုနှစ်က လက်ထပ်ခဲ့​သော ဗြိတိန်၏ အ​ကျော်ကြား​ဆုံး​ စုံတွဲသည် သား​ ၃ ​ယောက် ​မွေး​ဖွား​ထား​ ပြီး​ဖြစ်ရာ ယခုက​လေး​ကို သမီး​လေး​ဖြစ်ရန် ​မျှော်လင့်​နေကြသည်။ အ​မေရိကန်တွင် အ​ခြေချ ​နေထိုင်​သော စုံတွဲသည် ကိုယ်ဝန်၏ လိင်အမျိုး​ အစား​ကို ကြိုတင်ခွဲခြား​သိရှိရန် မလိုလား​ဟုလည်း​ နီး​စပ်သူများ​ကဆိုသည်။

ဘက်ခမ်း​နှင့်​ ဗစ်တိုး​ရီး​ယား​တို့​တွင် ၁၁ နှစ်အရွယ် ဘရွတ်ကလင်၊​ ၈ နှစ်ရှိ ရိုမီယိုနှင့်​ ၅ နှစ်အရွယ် ခရုစ်တို့​ သား​ ၃ ဦး​ရှိ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here