​ဟေတီဒုက္ခသည်စခန်း​မှ အမျိုး​သမီး​များ​ လိင်ပိုင်း​ဆိုင်ရာ မလုံခြံုမှုကြံု

alt

​ဟေတီနိုင်ငံရှိ စုတ်ပြတ်​နုံချာလှ​သော ဒုက္ခသည် စခန်း​များ​တွင် ခို​အောင်း​​နေရသည့်​ အမျိုး​သမီး​နှင့်​ မိန်း​က​လေး​များ​သည် လိင်ပိုင်း​​ဆိုင်ရာ မလုံခြံုမှုနှင့်​ ​တွေ့​ကြံု​​နေရသည်။

ယင်း​တို့​သည် အစား​အ​သောက်၊​ ​ရေနှင့်​ ​ဆေး​ဝါး​များ​ ပြတ်လပ်​နေသည့်​​အပြင် ​မှောင်လာ​သည်နှင့်​ အကြံ​သမား​ မုဒိမ်း​​သမား​များ​ ​ရောက်ရှိ​လာခြင်း​နှင့်​ ရင်ဆိုင်​​နေရသည်။ Amnesty International ၏ ​လေ့​လာ​​ဖော်ပြချက်​အရ ​ဟေတီရှိ ငလျင်​ဘေး​သင့်​ ဒုက္ခသည်စခန်း​များ​တွင် အမျိုး​သမီး​​များ​စွာ မုဒိမ်း​ကျင့်​ ခံ​နေ​ရ​ကြောင်း​ သိရသည်။ အသက် ၂ နှစ်မျှသာ ရှိ​သေး​သည့်​ မိန်း​က​လေး​များ​ကိုပါ မုဒိမ်း​သမား​များ​က အလွတ်မ​ပေး​ဟုဆိုသည်။

အမျိုး​သမီး​ အများ​စုသည် ၂၀၁၀ နှစ်ဆန်း​ပိုင်း​က ငလျင်ကြီး​အတွင်း​ သူမတို့​၏ မိသား​စုများ​ကို ဆုံး​ရှံုး​ခဲ့​ရသဖြင့်​ လူမှု​ရေး​ အသိုင်း​အဝိုင်း​တွင် အကာအကွယ်မဲ့​လျက်ရှိသည်။ ဂွာလိုင်း​အမည်ရှိ မုဆိုး​မ တစ်ဦး​က သူမသည် အသက် ၁၃ နှစ်အရွယ် သမီး​ငယ်အား​ လူ​လေး​ဦး​ဝိုင်း​ပြီး​ အုပ်စုလိုက် မုဒိမ်း​ကျင့်​သည်ကို ​ကြေကွဲစွာ ကြည့်​နေခဲ့​ရ​ကြောင်း​ ​ပြောပြခဲ့​သည်။ ယင်း​တို့​က အခြား​သူများ​ကို ထိုကိစ္စ ပြန်​ပြောလျင် မိမိအား​ သတ်ပစ်မည်ဟု ခြိမ်း​ခြောက်ခဲ့​ကြောင်း​လည်း​ ဂွာလိုင်း​ကဆိုသည်။

​ဟေတီတွင် ၂၀၁၀ ဇန်နဝါရီလ ၁၂ ရက်​နေ့​က လှုပ်ခတ်ခဲ့​သည့်​ ငလျင်ကြီး​၏ဒဏ်ကို ခံခဲ့​ရ​သော ဒုက္ခသည်များ​အတွက် ပို့​အော်ပရင့်​ မြို့​တော်တွင် ဒုက္ခသည်စခန်း​ ၅၀၀ ​ကျော် ဖွင့်​လှစ်ထား​ပြီး​ အများ​စုမှာ စုတ်ပြတ်ကာ လုံခြံုမှု ကင်း​မဲ့​နေ​ကြောင်း​ ​ဝေဖန်မှုများ​ ခံ​နေရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here