ကျူရှင်စရိတ်​အတွက် ဝတ်လစ်​စား​လစ် ဓာတ်ပုံ​အရိုက်ခံသည့်​ တရုတ်​​ကျောင်း​သူ

alt

တရုတ်နိုင်ငံမှ ဘွဲ့​ကြို​ကျောင်း​သူ တစ်ဦး​သည် ကျူရှင်စရိတ်ရရန်အတွက် သူမ၏ ဝတ်လစ်စား​လစ် ဓာတ်ပုံများ​ကို ​ရောင်း​ချခဲ့​ရ​ကြောင်း​ သိရသည်။ ဆူဇီဇီ (အမည်ရင်း​မဟုတ်) သည် ရင်မင်း​တက္ကသိုလ်တွင် ဘွဲ့​ကြိုတန်း​ ​ကျောင်း​တက်​နေသူ​ တစ်ဦး​ဖြစ်သည်။

သူမသည် ကျူရှင်စရိတ်အတွက် Who Am I at the End of 2010 အမည်ရှိ အ​သေး​စား​ ဓာတ်ပုံပြပွဲတစ်ခု ပြုလုပ်ကာ သူမ၏ အဝတ်မပါ​သော ပုံများ​ကို ​ရောင်း​ချခဲ့​သည်။ ဆူက သူမအတွက် ​ကျောင်း​စရိတ် အ​ထောက်အပံ့​ မည်သည့်​နေရာကမျှ မရရှိ​ကြောင်း​၊​ ယခုဓာတ်ပုံများ​ ​ရောင်း​ချသည့်​အတွက် ယွမ်​ငွေ ၅၀၀ မျှ ​ငွေ​ကြေး​ရခဲ့​ကြောင်း​ ရှင်း​ပြခဲ့​သည်။

မူလက သူမအ​နေနှင့်​ ပတ်ဝန်း​ကျင်၏ တုန့်​ပြန်မှုအတွက် စိုး​ထိတ်ခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင် အသား​ကျခဲ့​ပြီး​ မိသား​စုစား​ဝတ်​နေ​ရေး​အတွက် အဝတ်မပါဘဲ ကိုယ်ဟန်ပြ​ပေး​ရန် စာချုပ်တစ်ခု ချုပ်ဆိုခဲ့​ကြောင်း​လည်း​ ဆူကဆိုသည်။သူမက အ​ဖော်အချွတ် ဓာတ်ပုံများ​ ရိုက်ကူး​မှုကို ယခုအခါ အနုပညာတစ်ရပ်အဖြစ် သ​ဘောထား​ခဲ့​ပြီး​ မိမိကိုယ်ကိုယ် ကာကွယ်ရပ်တည်ရန်လည်း​ သဘာဝအ​လျောက် သင်ကြား​တတ်​မြောက်လာ​ကြောင်း​ ဖွင့်​ဟခဲ့​သည်။

ဆူက လက်ရှိတွင် အ​ဖော်အချွတ် ​မော်ဒယ်တစ်ဦး​အဖြစ် ကိုယ်ဟန်ပြ​နေရ​သော်လည်း​ ​နောက်ပိုင်း​တွင် အဆိုပါကဏ္ဍတွင် အ​တော်ဆုံး​ ဓာတ်ပုံဆရာမတစ်ဦး​ ဖြစ်လာရန် ရည်မှန်း​ထား​ကြောင်း​လည်း​ ထုတ်​ဖော်​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here