ဂျာမနီ​တိရစ္ဆာန်ရုံမှ အတတ်ဆန်း​သည့်​ပင်ဂွင်း​ ခြ​င်္သေ့​​လှောင်​အိမ်​ထဲ​ရောက်

alt

ဂျာမနီနိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ခုတွင် အတတ်ဆန်း​သော ပင်ဂွင်း​ငယ် တစ်​ကောင်သည် ခြ​င်္သေ့​လှောင်အိမ်ထဲထိ ​ရောက်သွား​ကြောင်း​ သိရသည်။ ပင်ဂွင်း​ငယ်​လေး​သည် ​ဆောင်း​ရာသီ အ​အေး​ဒဏ်​ကြောင့်​ ၎င်းအား​ သတိမထား​မိသည့်​

တိရစ္ဆာန်ရုံ ဝန်ထမ်း​အလစ်တွင် အပြင်သို့​ ​ရောက်လာကာ ​လျှောက်သွား​ရင်း​ ခြ​င်္သေ့​လှောင်အိမ်ထဲ ကျသွား​ခဲ့​ဟန်ရှိသည်။

စက်တင်ဘာလကမှ ​မွေး​ဖွား​ခဲ့​သည့်​ အာဖရိကန်ပင်ဂွင်း​ ​ပေါက်စ​လေး​သည် ခြ​င်္သေ့​လှောင်အိမ်ထဲ ယက်ကန်ယက်ကန် ဖြစ်​နေ​သော်လည်း​ ကံ​ကောင်း​လှစွာဖြင့်​ ထိုအချိန်တွင် ခြ​င်္သေ့​များ​က အိပ်​ပျော်​နေခဲ့​သည်။ မူအန်စတား​ တိရစ္ဆာန်ရုံသို့​ ​ရောက်ရှိလာသူ တစ်ဦး​က ၎င်းအား​ မ​တော်တဆ ​တွေ့​မိပြီး​ တိရစ္ဆာန် ထိန်း​သိမ်း​သူများ​ကို အ​ကြောင်း​ကြား​ရာမှ ကယ်တင်နိုင်ခဲ့​သည်။ အာဖရိက ပင်ဂွင်း​များ​ကို တစ်​နေ့​လျင်တစ်ကြိမ် အပြင်ဖက်သို့​ထုတ်ကာ လွတ်လွတ်လပ်လပ် ထား​ရှိစဉ် ယခုလို လွတ်သွား​ခြင်း​ ဖြစ်နိုင်​ကြောင်း​ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူ တစ်ဦး​ကဆိုသည်။

လွတ်သွား​သော ပင်ဂွင်း​မ​လေး​တွင် နာမည်မရှိဘဲ အမှတ် ၄၅၉ ဟုသာ အမှတ်သညာ ပြုထား​သည်။ ယခုအခါ သူမအား​ ထိန်း​သိမ်း​ရသည့်​ ဝန်ထမ်း​က ပင်ဂွင်း​မ​လေး​အား​ လီယွန်နာဟု အမည်​ပေး​ထား​လိုက်ပြီဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here