အကြမ်း​ဖက်​တိုက်ခိုက်မှု သတင်း​များ​​ကြောင့်​ ဗြိတိန်တွင် လုံခြံု​ရေး​​တိုး​မြှင့်​

alt

ဗြိတိန်နိုင်ငံတွင် အကြမ်း​ဖက် တိုက်ခိုက်မှုများ​ ဖြစ်​ပေါ်​လာနိုင်သည်​ဆို​သော သတင်း​များ​ကြောင့်​ လုံခြံု​ရေး​ တိုး​မြှင့်​​ထား​ကြောင်း​ သိရသည်။ ပြီး​ခဲ့​သော နှစ်ပိုင်း​က အိန္ဒိယနိုင်ငံ၊​ မွမ်ဘိုင်း​မြို့​တွင် အကြမ်း​ဖက်​သမား​များ​က

ကွန်မန်ဒိုဆန်ဆန် စီး​နင်း​​တိုက်ခိုက်မှုမျိုး​ ဖြစ်လာ​နိုင်သည်​ဆို​သော ​ကောလ​ဟာလ​များ​​ကြောင့်​ စစ်တပ်​နှင့်​ ရဲများ​ကို ဖြန့်​ကျက်​ချထား​သည်။ ထို့​အပြင် လူတန်နှင့်​ ဟိသရိုး​ ​လေဆိပ်များ​အတွင်း​ လုံခြံု​ရေး​​ကိုလည်း​ တိုး​မြှင့်​ထား​ကြောင်း​ သိရသည်။

၂၀၀၅ ခုနှစ်၊​ ဇူလိုင်လ ရ ရက်​နေ့​က လန်ဒန်ရှိ ခရီး​သည်ပို့​ဆောင်​ရေး​စနစ်တစ်ခု တိုက်ခိုက်ခံရပြီး​ လူ ၅၂ ဦး​သေဆုံး​ခဲ့​သည့်​ ဖြစ်ရပ်​နောက်ပိုင်း​ ဗြိတိန်တွင် အကြီး​ကျယ်ဆုံး​ အကြမ်း​ဖက်မှု ဖြစ်​ပေါ်လာမည်ကို အာဏာပိုင်များ​က စိုး​ရိမ်​နေသည်။ ပြီး​ခဲ့​သည့်​လက ရဲတပ်ဖွဲ့​နှင့်​ စစ်တပ်တို့​သည် ခရစ္စမတ် ကာလအတွင်း​ ဗုံး​ထောင်ရန် ကြံစည်​နေ​ကြောင်း​ ယူဆရသည့်​ ဂိုဏ်း​အဖွဲ့​တစ်ခုကို တား​မြစ်ဖမ်း​ဆီး​ခဲ့​သည်။

ပြည်တွင်း​လုံခြံု​ရေး​ ဌာနက ယီမင်အ​ခြေစိုက် အယ်​ကေး​ဒါး​ အကြမ်း​ဖက် တပ်ဖွဲ့​များ​သည် ဗြိတိန်တွင် တိုက်ခိုက်မှုများ​ ပြုလုပ်လာဖွယ် ရှိ​နေ​ကြေင်း​ ခန့်​မှန်း​ထား​သည်။ ယခုလည်း​ သယ်ယူပို့​ဆောင်​ရေး​နှင့်​ ဆက်စပ်​နေ​သော ​နေရာများ​တွင် လုံခြံု​ရေး​ တိုး​မြှင့်​ထား​သည်။ သို့​သော် သယ်ယူပို့​ဆောင်​ရေး​ ရဲဌာနကမူ တစုံတရာ ​ကြေညာချက် ထုတ်ပြန်မထား​သေး​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here