တိုက်ဂါး​ဝုဒ်နှင့်​ Golf Digest မဂ္ဂဇင်း​​တို့​ ပူး​ပေါင်း​မှု​ရပ်ဆိုင်း​

alt

တိုက်ဂါး​ဝုဒ်နှင့်​ Golf Digest တို့​ ၁၃ နှစ်ကြာ လက်တွဲလာမှုမှာ ယခုအခါ ဆုံး​ခန်း​တိုင်ခဲ့​ပြီဖြစ်သည်။ ​ဂေါက်သီး​အား​ကစား​ ​ လောကတွင် အထင်ရှား​ဆုံး​ မဂ္ဂဇင်း​ကြီး​သည် ကမ္ဘာ​ကျော် ​ဂေါက်သီး​သမား​နှင့်​ ဆက်လက်မတွဲရန် ဆုံး​ဖြတ်ခဲ့​သည်။

ကမ္ဘာတဝှမ်း​သို့​ ​စောင်​ရေ ၁.၆၅ သန်း​ကျော် တင်ပို့​ရောင်း​ချ​နေသည့်​ မဂ္ဂဇင်း​ကြီး​က ၁၉၉၇ ခုနှစ်ကတည်း​က အစပြုလာခဲ့​သည့်​ ဝုဒ်နှင့်​ လက်တွဲမှုကို ရပ်တံ့​လိုက်ပြီဟု ​ ကြေညာခဲ့​သည်။ ထိုကိစ္စသည် အမျိုး​သမီး​များ​စွာနှင့်​ ဇာတ်ရှုပ်ခဲ့​မှု​ကြောင့်​ အိမ်​ထောင်​ရေး​ ပြိုကွဲခဲ့​သည့်​ ဝုဒ်အတွက် အ​မေရိကန် အား​ကစား​ ကုမ္ပဏီ Nike ပြီး​နောက် ကာလအရှည်ကြာဆုံး​ စီး​ပွား​ရေး​ လက်တွဲ​ဖော်ကို ဆုံး​ရှံုး​သွား​ခြင်း​ဖြစ်သည်။

ဝုဒ်နှင့်​အတူ လက်တွဲလုပ်​ဆောင်ခဲ့​ရသည့်​ ကာလများ​အတွက် ​ကျေနပ်​ပျော်ရွှင်ပါ​ကြောင်း​ မဂ္ဂဇင်း​ အယ်ဒီတာချုပ် ဂျယ်ရီထရိတ်ကဆိုသည်။ သို့​သော်လည်း​ ယခုစာချုပ်ကိစ္စ ရပ်ဆိုင်း​သွား​ ခြင်း​သည် ဝုဒ်အတွက် တစ်နှစ်လျင် ​ဒေါ်လာ ၂ သန်း​မျှသာ နစ်နာမည်ဖြစ်ပြီး​ ဘီလျံနာတစ်ဦး​အ​နေနှင့်​ ​ပြောပ​လောက်​အောင် မဟုတ်​ချေ။ Golf Digest သည် ပြီး​ခဲ့​သည့်​နှစ် ​ဖေ​ဖော်ဝါရီလက ဝုဒ်၏ လူမှု​ရေး​ အရှုပ်အ​ထွေး​ ကိစ္စများ​ကြောင့်​ ၎င်းနှင့်​ပတ်သက်​သော ​ကော်လံကို ရပ်ဆိုင်း​ထား​ခဲ့​ပြီး​ စက်တင်ဘာလကျမှ ပြန်လည်ထည့်​သွင်း​ခဲ့​သည်။

ဝုဒ်က Golf Digest နှင့်​ လက်တွဲလုပ်​ဆောင်ရသည်ကို ​ပျော်ရွှင်​ကြောင်း​၊​ သို့​သော်လည်း​ ယခုအချိန်တွင်မူ မိမိတို့​ချင်း​ လမ်း​ခွဲရန် ဆုံး​ဖြတ်ခဲ့​ကြောင်း​၊​ Golf Digest မှ မိမိ၏ မိတ်​ဆွေများ​ ဆက်လက်​အောင်မြင်ရန် ဆန္ဒပြု​ကြောင်း​ ​ ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here