ဗီတာမင်ဒီ ချို့​တဲ့​ခြင်း​ကြောင့်​ အဆုတ်နှင့်​​ဆက်နွယ်​သော ​ရောဂါများ​​ဖြစ်နိုင်​​ခြေပိုများ​

alt

အ​မေရိကန်မှ သု​တေသန ပညာရှင်များ​က ဗီတာမင်ဒီ ချို့​တဲ့​ခြင်း​သည် အဆုတ်နှင့်​ ဆက်နွယ်​သော ​ရောဂါများ​ ဖြစ်​ပေါ်နိုင်​ခြေ မြင့်​တက်လာ​စေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဗီတာမင်ဒီ အား​နည်း​ခြင်း​သည် အဆုတ်ရှိ တစ်သျှူး​များ​ကို အား​နည်း​​ပျော့​ညံ့​​သွား​စေပြီး​ အသက်ရှူ​စနစ်ကို ထိခိုက်​​စေ​ကြောင်း​ အိုဟိုင်ယိုရှိ ဆင်စီနာတီ အကယ်ဒမစ် ကျန်း​မာ​ရေး​ စင်တာမှ ပညာရှင်များ​​က​ဆိုသည်။ ဦး​ဆောင်​သု​တေသီ ​ဒေါက်တာ​ဘရန့်​ကင်း​ဒါး​က ဗီတာမင်ဒီ ​လျော့​နည်း​မှုနှင့်​ ဆက်စပ်​​နေ​သော အဆုတ်​​ရောဂါများ​သည် ပိုမို​ကုသရန် ခက်ခဲသလို ​သေနှုန်း​လည်း​ ပိုမြင့်​ကြောင်း​ ​ပြောကြား​သွား​သည်။

ဗီတာမင်ဒီ ချို့​တဲ့​ခြင်း​သည် အဆုတ်ကြွက်သား​များ​ အား​လျော့​သွား​စေပြီး​ အဆုတ်တွင် အက်ကွဲ​ကြောင်း​များ​ ဖြစ်​ပေါ်တတ်သည့်​ ​ရောဂါသို့​ ဦး​တည်စွား​စေသည်။

ယင်း​ရောဂါမျိုး​ ဖြစ်​ပေါ်​နေသည့်​ လူနာများ​အား​ ကုသရာတွင် ပိုမိုစိန်​ခေါ်မှု မြင့်​မား​ကြောင်း​ ​ ဒေါက်တာကင်း​ဒါး​က ရှင်း​ပြခဲ့​သည်။ ၎င်းနှင့်​ လုပ်​ဖော်ကိုင်ဖက်များ​သည် ၂၅-ဟိုက်ဒရို​အောက်စီ ဗီတာမင်ဒီပမာဏ လူနာ ၁၁၈ ဦး​ကို ​လေ့​လာခဲ့​ရာ ၆၇ ဦး​တွင် တွယ်စပ်တစ်သျှူး​များ​ ချွတ်ယွင်း​မှုနှင့်​ ဆက်နွယ်​နေသည့်​ အဆုတ်တွင် အက်ကွဲမှုများ​ ​တွေ့​ရှိခဲ့​ပြီး​ ၅၁ ဦး​တွင် အဆုတ်တစ်သျှူး​များ​ ပျက်စီး​နေသည်ကို ​တွေ့​ရှိခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here