သွား​အတွင်း​ သူလျှိုကိရိယာ ထည့်​သွင်း​​လာသည့်​​စွဲချက်ဖြင့်​ အ​မေရိကန်​​အမျိုး​သမီအား​ အီရန်​ဖမ်း​ဆီး​

alt

သွား​အတွင်း​ သူလျှိုကိရိယာ ထည့်​သွင်း​ယူ​ဆောင်လာသည်ဆို​သော စွပ်စွဲချက်ဖြင့်​ အ​မေရိကန် အမျိုး​သမီး​တစ်ဦး​အား​ အီရန်နိုင်ငံက ဖမ်း​ဆီး​ထား​ကြောင်း​ သိရသည်။

အသက် ၅၅ နှစ်အရွယ် ​ဟောတာလာယန်သည် အာ​မေး​နီး​ယား​မှတဆင့်​ ဗီဇာမပါဘဲ အီရန်သို့​ ဝင်​ရောက်ရန် ကြိုး​ပမ်း​.စဉ် အဖမ်း​ခံရခြင်း​ဟု အီရန်​သတင်း​​ဌာနများ​က​ဆိုသည်။ သူမကို အ​နောက်​မြောက်ပိုင်း​ ​နောဒက် နယ်ခြား​မြို့​တွင် ယခု​သီတင်း​ပါတ်​အတွင်း​ ဖမ်း​ဆီး​မိခဲ့​ကြောင်း​ အီရန်​သတင်း​ဌာနများ​က ​ဖော်ပြ​ထား​သည်။ အီရန်သည် ၂၀၀၉ ခုနှစ် ဇူလိုင်လကအတွင်း​က အ​ မေရိကန် အ​ပျော်ခရီး​ထွက်သူ ၃ ဦး​ကို သူလျှိုမှုဖြင့်​ ဖမ်း​ဆီး​ခဲ့​သေး​သည်။ တစ်ဦး​က အာမခံဖြင့်​ လွှတ်​ပေး​​လိုက်​သော်လည်း​ ကျန်နှစ်ဦး​မှာ ယခုအချိန်ထိ အီရန်တွင် ထိန်း​သိမ်း​ခံထား​ရဆဲဖြစ်သည်။

ယခုလည်း​ သွား​အတွင်း​ သူလျှိုကိရိယာ ပါလာသည်ဆို​သော စွဲချက်ဖြင့်​ အမျိုး​သမီး​ တစ်ဦး​အား​ ဖမ်း​ဆီး​ထား​ကြောင်း​ အီရန်က ​ကြေညာခဲ့​သော်လည်း​ အ​မေရိကန်မှ တာဝန်ရှိသူများ​က အတည်ပြုခြင်း​ မရှိ​သေး​ချေ။ အီရန်အစိုး​ရပိုင် ဖာရဆီ​ဒေး​လီး​ သတင်း​စာကမူ အ​သေး​စား​ သူလျှိုကိရိယာတစ်ခုကို အမျိုး​သမီး​ထံ ရှာ​ဖွေ​တွေ့​ရှိခဲ့​ကြောင်း​ စွပ်စွဲ​ဖော်ပြထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here