ဥ​ရောပတိုက်တွင် လူသုံး​အများ​ဆုံး​ Web Browser အဖြစ် Firefox ရပ်တည်

alt

Firefox သည် Internet Explorer (IE) ကို ​ကျော်ဖြတ်ပြီး​ ဥ​ရောပတိုက်၏ လူသုံး​အများ​ဆုံး​ Web Browser ဖြစ်လာ​ကြောင်း​ သိရသည်။ Microsoft ၏ IE မှာမူ နည်း​ပညာပိုင်း​ လုံခြံု​ရေး​ အား​နည်း​မှု နာမည်ဆိုး​များ​နှင့်​အတူ

ဥ​ရောပ Browser ​ဈေး​ကွက်တွင် ၃၇.၅ ရာခိုင်နှုန်း​သာ ရရှိပြီး​ ဒုတိယ​နေရာသို့​ ဆင်း​သွား​သည်။ Mozilla ၏ ထုတ်ကုန်ဖြစ်​သော Firefoxမှာမူ ​ဈေး​ကွက်​ဝေစု ၃၈.၁ ရာခိုင်နှုန်း​ ပိုင်ဆိုင်ပြီး​ ထိပ်ဆုံး​သို့​ တက်လာသည်။ Google ၏ Chrome မှာလည်း​ ယမန်နှစ်က ၅.၁ ရာခိုင်နှုန်း​သာ ​ဝေစုပိုင်ဆိုင်ခဲ့​သော်လည်း​ ယခုအခါ ၁၄.၆ ရာခိုင်နှုန်း​သို့​ ထိုး​တက်လာပြီး​ တတိယ​နေရာတွင် ရပ်တည်ခဲ့​သည်။ Microsoft သည် ဥ​ရောပ ​ဝေစုတွင် ထိပ်ဆုံး​နေရာကို လက်လွှတ်ခဲ့​ရ​ သော်လည်း​ တစ်ကမ္ဘာလုံး​တွင်မူ လူသုံး​အများ​ဆုံး​ Browser အဖြစ် ဆက်လက်ရပ်တည်​နေဆဲဖြစ်သည်။

၂၀၀၉ ခုနှစ်၊​ ဒီဇင်ဘာလအတွင်း​ ဥ​ရောပ ယူနီယံ နည်း​ပညာ လုံခြံု​ရေး​ ​စောင့်​ကြည့်​သူများ​က IE တွင် အား​နည်း​ချက်များ​ ကြီး​ကြီး​မား​မား​ ရှိ​နေ​ကြောင်း​ ​ထောက်ပြခဲ့​ပြီး​နောက်ပိုင်း​ ဥ​ ရောပတွင် IE ၏ အရှိန်အဝါ တစထက်တစ ကျဆင်း​လာခဲ့​သည်။

Chrome မှာမူ ​နောက်ပိုင်း​ လူသုံး​များ​လာမှုနှင့်​အတူ တစထက်တစ ​ အောင်မြင်လာရာ ယခုအခါ IE ၏ အ​နေအထား​ကိုပင် ခြိမ်း​ခြောက်လာ​နေပြီဖြစ်​ကြောင်း​ ​လေ့​လာသူများ​က ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here