၂၀၁၀ ခုနှစ်အတွင်း​ အ​ရောင်ရဆုံး​အယ်ဘမ်အဖြစ် Eminem ၏ Recovery စံချိန်တင်

alt

၂၀၁၀ ခုနှစ်အတွင်း​ ​ရောင်း​အ​ကောင်း​ဆုံး​ သီချင်း​အယ်ဘမ်အဖြစ် Eminem ၏ Recovery က စံချိန်တင်နိုင်ခဲ့​ကြောင်း​ သိရသည်။ ဇွန်လက စတင်​ရောင်း​ချခဲ့​ပြီး​နောက် Recovery သည် ချပ်​ရေ ၃.၄ သန်း​မျှ ​ရောင်း​ထွက်ခဲ့​သည်။

Nielsen SoundScan ၏ စာရင်း​အရ Eminem ၏ အယ်ဘမ်က ထိပ်ဆုံး​တွင် ရှိခဲ့​ပြီး​ ​လေဒီအန်တီဘယ်လမ်၏ Need You Now က ချပ်​ရေ ၃.၁ သန်း​ကျော် ​ရောင်း​ချခဲ့​ရ​သော​ကြောင့်​ ဒုတိယ​နေရာတွင် ရှိ​နေသည်။ ​အောက်တိုဘာလက စတင်​ရောင်း​ချခဲ့​သော ​တေလာဆွစ်၏ Speak Now ကမူ ချပ်​ရေ ၂.၉၆ သန်း​ကျော်ဖြင့်​ တတိယ​နေရာမှ ရပ်တည်လျက်ရှိသည်။ Eminem ၏ အယ်ဘမ်သစ်သည် ယမန်နှစ်၏ ​ရောင်း​အ​ကောင်း​ဆုံး​အဖြစ် ထိပ်ဆုံး​မှ ရှိ​နေ​သော်လည်း​ ထိုအယ်ဘမ်၏ အ​ပေါက်ဆုံး​သီချင်း​ဖြစ်ပြီး​ ရီဟာနာနှင့်​ တွဲဖက်သီဆိုထား​သည့်​ Love the Way You Lie မှာမူ လူကြိုက်အများ​ဆုံး​သီချင်း​ စာရင်း​ တွင် နံပါတ် ၃ မှသာ ရှိ​နေသည်။ ​

ကေတီပယ်ရီ၏ California Gurls နှင့်​ Train ၏ Hey, Soul Sister တို့​က ယင်း​၏အထက်မှ ရပ်တည်လျက်ရှိသည်။ ထိပ်ဆုံး​သီချင်း​ ၅ ပုဒ်စာရင်း​တွင် တိုင်ယိုခရုဇ်၏ Dynamite နှင့်​ B.o.B ၏ Airplanes တို့​လည်း​ ရှိ​နေ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here