တရုတ်နိုင်ငံမှ ​ကျောင်း​သား​​ငယ်များ​ ခဲဆိပ်​သင့်​

alt

တရုတ်နိုင်ငံ အ​ရှေ့​ပိုင်း​ဒေသတွင် ​ကျောင်း​နေအရွယ် က​လေး​ငယ် ၂၄ ဦး​မှာ ခဲဆိပ်သင့်​မှု​ကြောင့်​ ​ဆေး​ရုံ​ရောက်​နေ​ကြောင်း​ သိရသည်။ အန်ဟွိုင်ခရိုင်၊​ ဟွမ်နင်း​ရှိ ဘက်ထရီစက်ရုံ တစ်ခုအနီး​ ​နေထိုင်​သော က​လေး​များ​သည်

အဆိုပါ စက်ရုံမှဟု ယူဆရသည့်​ ခဲဆိပ်သင့်​ မှုများ​ကြောင့်​ ​ဒေသခံ ​ဆေး​ရုံသို့​ ​ရောက်ရှိ​နေသည်။ တရုတ်နိုင်ငံသည် ဘက်ထရီ၊​ ​မော်​တော်ကား​များ​နှင့်​ လျှပ်စစ်စက်ဘီး​များ​အတွက် ခဲထုတ်လုပ်မှုနှင့်​ သုံး​စွဲမှု အများ​ဆုံး​ နိုင်ငံလည်း​ဖြစ်သည်။

ယခုခဲဆိပ်သင့်​မှု​ကြောင့်​ ​ဆေး​ရုံ​ရောက်​နေသည့်​ က​လေး​များ​မှာ အသက် ၉ လမှ ၁၆ နှစ်ကြား​ အရွယ်များ​ ဖြစ်ကြသည်။ ခဲဆိပ်သင့်​မှု ​ဝေဒနာ ခံစား​ရ​သော က​လေး​များ​အား​လုံး​ ဘက်ထရီစက်ရုံအနီး​ ​ဆောက်လုပ်ထား​သည့်​ ​ နေအိမ်များ​မှဟု သိရသည်။ တရုတ်စိုး​ရပိုင် ရှင်ဟွာသတင်း​ဌာနက ​ဒေသခံ ​ဆေး​ရုံမှ ဆရာဝန်များ​သည် ယင်း​စက်ရုံအနီး​ရှိ က​လေး​ငယ် ၂၈၀ ​ ကျော်ကို ​ဆေး​စစ်မှု ပြုလုပ်​ပေး​ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။

က​လေး​များ​၏ ​သွေး​အတွင်း​ ခဲဆိပ်သည် အန္တရာယ်ရှိ​လောက်​သော အ​နေအထား​ထိ မြင့်​တက်​နေသည့်​အတွက် ​ဆေး​ရုံတင်ပို့​ခဲ့​ကြောင်း​ ​ဆေး​ရုံဒုတိယအကြီး​အကဲ ချန်ဘန်နင်း​က ရှင်း​ပြခဲ့​သည်။ က​လေး​ငယ် တစ်ဦး​၏ ​သွေး​ထဲတွင် ခဲဓာတ်သည် ၃၃၀.၉ မိုက်ကရို ဂရမ်ပါ လီတာထိ ရှိ​နေသည်။ သမား​ရိုး​ကျအား​ဖြင့်​ က​လေး​ငယ်တစ်ဦး​ ဦး​နှောက်ဖွံ့​ဖြိုး​မှုအတွက် ခဲဓာတ်သည် ​ သွေး​အတွင်း​ ၁၀၀ မိုက်ကရို ဂရမ်ပါ လီတာသာ လိုအပ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here