နိုင်ငံတကာခရီး​သွား​အလှမယ်အဖြစ် နယ်သာလန်နိုင်ငံသူ သရဖူ​ဆောင်း​ခွင့်​ရ

alt

၂၀၁၀ နိုင်ငံတကာ ခရီး​သွား​ အလှမယ်ပြိုင်ပွဲ (Miss Tourism International 2010) တွင် နယ်သာလန် နိုင်ငံသူ လှပျိုဖြူ​လေး​တစ်ဦး​က သရဖူ​ဆောင်း​ခွင့်​ ရခဲ့​ကြောင်း​ သိရသည်။

မ​လေး​ရှား​နိုင်ငံ၊​ ကွာလာလမ်ပူရှိ ဆန်း​ဝေး​ဟိုတယ်တွင် ပြုလုပ်ကျင်း​ပသည့်​ အဆိုပါ ပြိုင်ပွဲတွင် နယ်သာလန်မှ အသက် ၂၁ နှစ်အရွယ် ဥပ​ဒေ ​ကျောင်း​သူ​လေး​ နာသာလီ ဒက်ကာက အခြား​ပြိုင်ပွဲဝင် ၅၄ ဦး​အား​ ဖြတ်​ကျော်ပြီး​ အနိုင်ရခဲ့​သည်။ သူမအ​နေနှင့်​ ပြိုင်ပွဲတွင် အနိုင်ရရှိသည့်​အတွက် ​ပြောမပြတတ်​အောင် စိတ်လှုပ်ရှား​ ​ပျော်ရွှင်မိ​ကြောင်း​ နှစ်သစ်ကူး​ အကြိုညက သရဖူ​ဆောင်း​ခဲ့​သူ​လေး​ ဒက်ကာကဆိုသည်။ ဒက်ကာသည် ဩစ​တြေး​လျမှ ဟိုလီအန်နာဗစ်ဆာကို ​ကျော်ဖြတ်ပြီး​ ပထမဆု ရခဲ့​ခြင်း​ဖြစ်သည်။

ဗစ်ဆာက ဒုတိယဆုနှင့်​ Miss Tourism Metropolitan ဆုများ​ကို ရရှိခဲ့​သည်။ ဗင်နီဇွဲလား​သူ စတက်ဖနီ ဂွန်ဇာလက်က Miss Tourism Global International ဆုနှင့်​ တတိယဆုတို့​ကို ပိုင်ဆိုင်နိုင်ခဲ့​သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်း​ပ​သော မ​လေး​ရှား​ကိုယ်စား​ပြု အလှမယ် ဂါဘရီရယ်လာ ဘူဒီဗီး​က အ​ကောင်း​ဆုံး​ ရိုး​ရာဝတ်စုံဆုကို ရရှိခဲ့​သည်။ ယခုနှစ်တွင် နိုင်ငံ​ပေါင်း​စုံမှ အလှမယ် ၅၅ ဦး​ ပါဝင်ယှဉ်ပြိုင်ခဲ့​ရာ နှစ်စဉ်ကျင်း​ပသည့်​ ပြိုင်ပွဲတ​လျှောက် အ​ရေအတွက် အများ​ဆုံး​အဖြစ် စံချိန်တင်နိုင်ခဲ့​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here