အမျိုး​သမီး​ ၂၅၀၀ နှင့်​ အတူအိပ်ဖူး​သည်ဟု ဗြိတိန်အမျိုး​သား​ ထုတ်​ဖော်​ပြောကြား​

alt

ဗြိတိန်နိုင်ငံမှ အမျိုး​သား​တစ်ဦး​က ၎င်းသည် အမျိုး​သမီး​ ၂၅၀၀ နှင့်​ အတူအိပ်ဖူး​ကြောင်း​ ထုတ်​ဖော်​ပြောကြား​လိုက်သည်။ ​ဆေး​ရုံအမှု​ဆောင် လူချမ်း​သာတစ်ဦး​၊​ ဘဏ်လုပ်ငန်း​ရှင်တစ်ဦး​၊​

ကြွယ်ဝသည့်​ ​ရှေ့​နေကြီး​တစ်ဦး​အဖြစ် အမျိုး​မျိုး​ ဟန်​ဆောင်ကာ အမျိုး​သမီး​များ​အား​ သိမ်း​သွင်း​စည်း​ရုံး​ခဲ့​သူ ​ပေါဘင့်​က ၎င်း၏ဘဝတ​လျှောက် ရာဇဝတ်မှုများ​မှ ​ပေါင်စတာလင် ၂ သန်း​ကျော် ဝင်​ငွေရရှိခဲ့​ကြောင်း​လည်း​ ဝါကြွား​ပြောဆိုခဲ့​သည်။ ငယ်စဉ်က ဆံပင်အလှပြုပြင်သူ တစ်ဦး​အဖြစ် အသက်​မွေး​ခဲ့​သည့်​ အသက် ၄၈ နှစ်အရွယ် ဘင့်​မှာ ၎င်းအသက် ၂၁ နှစ်အရွယ်တွင် ဆရာဝန်ကိုင် နား​ကြပ်တစ်ခုကို ခိုး​ယူပြီး​နောက် ​ဆေး​ရုံများ​တွင် ဆရာဝန်အဖြစ် ဟန်​ဆောင်လုပ်ကိုင်ခဲ့​ဖူး​ကြောင်း​ သိရသည်။

၎င်းသည် အမျိုး​သမီး​များ​အား​ လှည့်​ဖျား​ရသည်ကို နှစ်သက်​ကြောင်း​ ဝန်ခံခဲ့​သည်။ ဘင့်​သည် ဂျိမ်း​စဘွန်း​မင်း​သား​ ပီရက်ဘ​ရော့​နန်နှင့်​ အဆို​တော် ​ရော်ဘီဝီလျံတို့​နှင့်​ပါ ခင်မင်​ကြောင်း​ လူအများ​ယုံကြည်​အောင် ​ပြောဆိုနိုင်ခဲ့​သည်။ ထို့​အပြင် ဗြိတိသျှ ရုပ်ရှင်မင်း​သမီး​ ဆာရာအလက်ဇန်း​ဒါး​နှင့်​ လက်ထပ်ဖူး​ကြောင်း​လည်း​ ​ပြောဆိုခဲ့​သေး​သည်။ ၎င်းသည် တစ်ကြိမ်ထဲတွင် ရည်း​စား​ ၁၀ ဦး​မျှ တပြိုင်တည်း​ ထား​လေ့​ရှိ​ကြောင်း​လည်း​ ဘင့်​ကဆိုသည်။ ယင်း​အမျိုး​သမီး​များ​ အား​လုံး​ကိုလည်း​ ယုံကြည်​လောက်သည့်​ မတူညီ​သော ဇာတ်လမ်း​ ၁၀ ခုမျှ ​ပြောဆိုကာ ချဉ်း​ကပ်ခဲ့​ခြင်း​ဟု ၎င်းက ရှင်း​ပြခဲ့​သည်။

လူလိမ်ဘုရင်ဟူ​သော နာမည်ဆိုး​နှင့်​ ​ကျော်ကြား​ပြီး​ မကြာ​သေး​မီကမှ ​ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ပြည့်​ကာ လွတ်​မြောက်လာသည့်​ ဘင့်​သည် လွန်ခဲ့​သော နှစ်​ပေါင်း​ ၂၀ က လူလိမ်တစ်ဦး​အဖြစ် ​နေထိုင်ခဲ့​ရပြီး​ ရိုး​ဖြောင့်​သော ဘဝကို ​တောင့်​တမိသည်ဟုဆိုသည်။ သို့​သော်လည်း​ မိမိအ​နေနှင့်​ ​ဖြောင့်​ဖြောင့်​မတ်မတ် ​နေထိုင်မည်ဟုဆိုလျင် မည်သူကမျှ ယုံမည်မဟုတ်​ကြောင်း​လည်း​ ဘင့်​က စိတ်ပျက်လက်ပျက် ​ပြောကြား​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here