ဘာရိန်း​တွင် ဟိုတယ်ဝန်ထမ်း​က ဧည့်​သည်အမျိုး​သမီး​အား​ မုဒိမ်း​ကျင့်​မှုဖြစ်ပွား​

alt

ဘာရိန်း​နိုင်ငံရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်း​က ဧည့်​သည်အမျိုး​သမီး​အား​ မုဒိမ်း​ကျင့်​ခဲ့​ကြောင်း​ သိရသည်။ အာရှနိုင်ငံ တစ်ခုမှဖြစ်​သော ဝန်ထမ်း​သည် အသက် ၃၀ ​ကျော် အမျိုး​သမီး​အား​ ဓား​ထောက်မုဒိမ်း​ကျင့်​ခဲ့​သည်။

အမျိုး​သမီး​က သူမသည် အိပ်ရာ​ပေါ်တွင် လှဲ​လျောင်း​နေစဉ် ဓား​ကိုင်ထား​သော အမျိုး​သား​က သူမအား​ အုပ်မိုး​ကာ ခြိမ်း​ခြောက်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယင်း​ဝန်ထမ်း​သည် ကိစ္စပြီး​နောက် သူမအား​ မန်​နေဂျာကို ပြန်မ​ပြောရန်နှင့်​ အကယ်၍ ​ဖော်​ကောင်လုပ်ပါက သတ်ပစ်မည်ဟု ခြိမ်း​ခြောက်ခဲ့​သည်။ သို့​သော်လည်း​ အမျိုး​သမီး​က မန်​နေဂျာအား​ တိုင်ကြား​ကာ ရဲထံ အ​ကြောင်း​ကြား​ခဲ့​ပြီး​နောက် မုဒိမ်း​သမား​မှာ အဖမ်း​ခံလိုက်ရသည်။

ဘာရိန်း​သတင်း​စာများ​က ဝန်ထမ်း​သည် အမျိုး​သမီး​၏ ခန္ဓာကိုယ်ကို မ​တော်တဆ ​တွေ့​မြင်ပြီး​ချိန်တွင် စိတ်မထိန်း​နိုင်ဘဲ ရာဇဝတ်မှု ကျူး​လွန်ခဲ့​မိသည်ဟု ဝန်ခံခဲ့​ကြောင်း​ ​ရေး​သား​ဖော်ပြခဲ့​သည်။ ဘာရိန်း​ရဲတပ်ဖွဲ့​သည် ဟိုတယ်ဝန်ထမ်း​အား​ ဖမ်း​ဆီး​ထား​ပြီး​ စွဲချက်တင်ရန် စီစဉ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here