လူသတ်ပြီး​ အပိုင်း​ပိုင်း​ဖြတ်​တောက်ခဲ့​သည့်​ စုံတွဲအား​ ဖမ်း​ဆီး​

alt

လူတစ်ဦး​အား​ သတ်ဖြတ်ပြီး​ အပိုင်း​ပိုင်း​ ဖြတ်​တောက်ခဲ့​သည်ဟု ယူဆရ​သော စုံတွဲ​ကို ရဲများ​က ဖမ်း​ဆီး​​လိုက်သည်။ အ​မေရိကန်​နိုင်ငံ၊​ ​လော့​စ်​အိန်ဂျယ်လိစ်တွင် ​နေထိုင်သည့်​ အသက် ၃၆ နှစ်အရွယ် အက်ဒွပ်ဂါစီယာ ဂျူနီယာနှင့်​ ၂၅ နှစ်ရှိ

မယ်လီဆာဟုပ်ဂါစီယာ​တို့​အား​ ဖမ်း​ဆီး​လိုက်​ကြောင်း​ ​ထောက်လှမ်း​ရေး​​ဌာန အရာရှိ မတ်ဘ​ရောင်း​က ​ပြောကြား​​ခဲ့​သည်။ ၎င်းတို့​သည် အသက် ၄၉ နှစ်ရှိ ဟား​ဘတ်ထ​ရေစီဝှိုက်ကို ​လော့​စ်အိန်ဂျယ်လိစ်မြို့​ရှိ ဟိုတယ်​ခန်း​တစ်ခုတွင် သတ်ဖြတ်ပြီး​ အ​လောင်း​ကို အပိုင်း​ပိုင်း​ အထစ်ထစ် ခုတ်ဖြတ်ကာ ကုတင်​အောက်တွင် ဝှက်ထား​​ခဲ့​ကြောင်း​ ရဲများ​က​ဆိုသည်။

ဟိုတယ်​သန့်​ရှင်း​ရေး​ အလုပ်သမ တစ်ဦး​က ရုပ်ပျက်​ဆင်း​ပျက် ဖြစ်​နေ​သော အ​လောင်း​ကို မ​တော်တဆ ​တွေ့​ရှိ​ပြီး​နောက် ရဲများ​ထံ အ​ကြောင်း​ကြား​ခဲ့​ခြင်း​​ဖြစ်သည်။ ​ကျေး​ဇူး​တော်​နေ့​က ကွန်တီနင်တယ် ဟိုတယ်​တွင် အသတ်ခံရ​သော ပုဂ္ဂိုလ်​နှင့်​ ပတ်သက်ပြီး​ ရဲများ​က စုံစမ်း​ဖော်ထုတ်ရာ သံသယ​တရား​ခံစုံတွဲမှာ ​ပျောက်ဆုံး​​နေ​ကြောင်း​ သိရှိလာခဲ့​သည်။ သို့​သော်လည်း​ ပြီး​ခဲ့​သည့်​ သီတင်း​ပါတ်က ​ဟောလီး​ဝုဒ်ရှိ စွန့်​ပစ်ထား​သော ရုံး​ခန်း​တစ်ခုအတွင်း​ ခို​အောင်း​နေသည့်​ စုံတွဲကို ရဲများ​က လက်ရဖမ်း​လိုက်နိုင်ခြင်း​ဖြစ်သည်။

ဘ​ရောင်း​က မိမိတို့​ ရုံး​ခန်း​တံခါး​ကို ​ခေါက်လိုက်ချိန်တွင် ဂါစီယာတို့​မှာ အိပ်​ပျော်​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယခုအခါ ရဲတပ်ဖွဲ့​သည် ဂါစီယာတို့​ကို လူသတ်မှုဖြင့်​ စွဲချက်တင်ရန် ပြင်ဆင်​နေ​သော်လည်း​ ဂါစီယာတို့​စုံတွဲက ​ဖြောင့်​ချက်​ပေး​မ​ပေး​ကိုမူ ​ပြောကြား​မထား​ချေ။ ဝှိုက်နှင့်​ ဂါစီယာတို့​ စုံတွဲသည် ယခင်က က​တောက်ကဆ ဖြစ်ခဲ့​ဖူး​ပြီး​ သံသယ တရား​ခံစာရင်း​တွင်လည်း​ ထိပ်ဆုံး​နေရာမှ ရှိ​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here