အာဖဂန်နစ္စတန်တွင် NATO တပ်ဖွဲ့​ တိုက်ခိုက်ခံရ

alt

ဒီဇင်ဘာ ၂၈ ရက်​နေ့​က အာဖဂန်နစ္စတန် အ​ရှေ့​ပိုင်း​တွင် NATO တပ်ဖွဲ့​ ကင်း​လှည့်​တပ်စိတ်တစ်ခု အတိုက်ခိုက်ခံရခြင်း​ကြောင့်​ တပ်သား​နှစ်ဦး​ ​သေဆုံး​ခဲ့​ရာ အာဖဂန်တွင် ၂၀၁၀ အတွင်း​ ​သေဆုံး​သူ အ​ရေအတွက် ရ၀၀ ရှိလာပြီဖြစ်သည်။

၂၀၀၁ ခုနှစ်၊​ အ​မေရိကန်နိုင်ငံ ကမ္ဘာ့​ကုန်သွယ်​ရေး​ အ​ဆောက်အအုံ တိုက်ခိုက်ခံရမှု​နောက်ပိုင်း​ NATOက အာဖဂန်ထိုး​စစ်ကို စတင်ခဲ့​သည့်​နောက်ပိုင်း​ ယခုနှစ်သည် နိုင်ငံခြား​ တပ်ဖွဲ့​များ​အတွက် အ​သေအ​ပျောက် အမြင့်​မား​ဆုံး​နှစ်လည်း​ ဖြစ်လာသည်။ တာလီဘန်တို့​နှင့်​ ဆယ်စုနှစ် တစ်ခုစာမျှ ဖြစ်ပွား​နေ​သော စစ်ပွဲသည် အ​မေရိကန်ဦး​ဆောင်​သော NATO တပ်ဖွဲ့​အတွက် ကြီး​ကြီး​မား​မား​ ဖိအား​တစ်ခု ဖြစ်လာ​နေခဲ့​သည်။ NATO တပ်ဖွဲ့​သည် အာဖဂန်ကို ထိန်း​သိမ်း​ထား​သော်လည်း​ တာလီဘန်တို့​၏ ဩဇာမှာ နိုင်ငံအတွင်း​ ​ဒေသအချို့​တို့​တွင် ဆက်လက်လွှမ်း​မိုး​ထား​ဆဲဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်​နေ့​က နိုင်ငံ​တောင်ပိုင်း​တွင် လမ်း​ဘေး​ဗုံး​ကြောင့်​ NATO တပ်ဖွဲ့​ဝင်နှစ်ဦး​ ​သေဆုံး​ကြောင်း​ သိရသည်။

NATO တပ်ဖွဲ့​က ထို​နေ့​တွင်ပင် နိုင်ငံအ​ရှေ့​ပိုင်း​ရှိ ကူနာတွင် အ​မေရိကန် စစ်သား​များ​နှင့်​ တာလီဘန်တို့​ကြား​ တစ်နာရီကြာ အပြန်အလှန် ပစ်ခတ်မှုများ​ ဖြစ်​ပေါ်ခဲ့​သေး​ကြောင်း​ NATO တပ်ဖွဲ့​ကဆိုသည်။ လမ်း​ဘေး​ဗုံး​ကြောင့်​ ​သေဆုံး​သူ နှစ်ဦး​ကြောင့်​ ယခုနှစ်အတွင်း​ အာဖဂန်ရှိ NATO တပ်ဖွဲ့​ အကျအဆုံး​စာရင်း​မှာ ရ၀၀ အထိ မြင့်​တက်လာခြင်း​ဖြစ်သည်။ ကုလသမဂ္ဂက အာဖဂန်တွင် NATO နှင့်​ တာလီဘန်တို့​ တိုက်ခိုက်မှုအတွင်း​ အရပ်သား​များ​ ကြား​ညပ်​သေဆုံး​မှုသည် ယခုနှစ် ပထမ ၁၀ လအတွင်း​ ၂၄၁၂ ဦး​ထက်မနည်း​ ရှိခဲ့​ကြောင်း​လည်း​ ​ကြေညာထား​သည်။ အရပ်သား​ အများ​စုသည် ဗုံး​ပေါက်ကွဲမှုများ​ကြောင့်​ ​သေဆုံး​ခဲ့​ရခြင်း​ဟုလည်း​ ကုလသမဂ္ဂ ​ကြေညာချက်အတွင်း​ ထည့်​သွင်း​ဖော်ပြထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here