မိုး​ကြိုး​ပစ်​ခံရ​သော်လည်း​ ​သေကံ​မ​ရောက်ခဲ့​သည့်​ ​ဂေါက်သီး​​​ကစား​သမား​

alt

စင်္ကာပူ​နိုင်ငံရှိ ​ဂေါက်ကွင်း​​တစ်ခုတွင် ​ဂေါက်သီး​ကစား​နေသူ​​တစ်ဦး​အား​ မိုး​ကြိုး​ပစ်​ခံခဲ့​ရ​သော်လည်း​ အသက်​မ​သေခဲ့​ဟု သိရသည်။ အသက် ၆၀ ​ကျော်ရှိ အဆိုပါ ​ဂေါက်သီး​​​သမား​သည် ဇန်နဝါရီလ ၁ ရက်​နေ့​က ချန်ဂီရှိ ​ဂေါက်ကွင်း​​တွင် ကစား​နေစဉ် မိုး​ကြိုး​​တိုက်ရိုက် ထိမှတ်ခဲ့​သည်။

သို့​သော် ၎င်းသည် အသက်မ​သေခဲ့​ချေ။ ​ခေါင်း​နှင့်​လက်များ​တွင်မူ မီး​လောင်ဒဏ်ရာများ​ ရရှိသွား​ကြောင်း​ သိရသည်။ ထို​နေ့​က ရာသီဥတုသည် မိုး​အုံ့​နေပြီး​ မိုး​အနည်း​ငယ်မျှ ဖွဲဖွဲရွာလျက်ရှိ​ကြောင်း​ သိရသည်။ သို့​သော် မိုး​ကြိုး​လျှပ်စီး​များ​ ဖြစ်​ပေါ်နိုင်​ကြောင်း​ သတိ​ပေး​ချက် ထုတ်ပြန်မထား​ခဲ့​ချေ။ အနီး​တွင် ကစား​နေသူ တစ်ဦး​က ဖြစ်ရပ်မှာ မြန်ဆန်လွန်း​ကြောင်း​၊​ မိမိတို့​သည် ကျင်း​အမှတ် ၁၁ နှင့်​ ၁၂ ကြား​တွင် ရှိ​နေပြီး​ မိုး​ကြိုး​အပစ်ခံရသူသည် ကျင်း​အမှတ် ၁၈ တွင် ရှိ​နေ​ကြောင်း​၊​ လျှပ်စီး​ကြောင်း​သည် ထိုသူ၏လက်မှ ​ဂေါက်တံကို ပစ်ချပြီး​ ခန္ဓာကိုယ်ထဲ ဖြတ်သန်း​ဝင်​ရောက်သွား​သည်ဟု ထင်မိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

မိုး​ကြိုး​အပစ်ခံရသူသည် ၎င်းအား​ လူနာတင်ယာဉ်ဖြင့်​ ချန်ဂီ​ဆေး​ရုံသို့​ အ​ရေး​ပေါ် ပို့​ဆောင်ခဲ့​စဉ် သတိရှိ​နေ​ကြောင်း​လည်း​ ​ဂေါက်ကွင်း​မှာ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here