အစ္စ​ရေး​ထောက်လှမ်း​ရေး​တို့​ အသုံး​ပြုသည့်​ လင်း​တ​​တစ်​ကောင်အား​ ​ဆော်ဒီအာ​ရေဗျတွင် ဖမ်း​ဆီး​ရမိ

alt

ဆော်ဒီအာ​ရေဗျ နိုင်ငံတွင် အစ္စ​ရေး​ ​ထောက်လှမ်း​ရေး​မှ အသုံး​ပြု​နေသည့်​ လင်း​တ​တစ်​ကောင်အား​ ဖမ်း​ဆီး​​ရမိခဲ့​ကြောင်း​ သိရသည်။ ဂရစ်ဖွန် အမျိုး​အစား​ လင်း​တ​သည် GPS လွှင့်​စက်ကို သယ်​ဆောင်​လာ​ကြောင်း​

​ဆော်ဒီ​အာဏာပိုင်များ​က စစ်​ဆေး​​တွေ့​ရှိခဲ့​ပြီး​ ယင်း​တွင် အစ္စ​ရေး​​နိုင်ငံ၊​ တဲအဗစ်​တက္ကသိုလ်၏ အမှတ်​တံဆိပ် ​ဖော်ပြ​ထား​သည်။ အစ္စ​ရေး​ သား​ရဲ​တိရစ္ဆာန် ထိန်း​သိမ်း​ရေး​​ဌာန တာဝန်ရှိသူများ​ကမူ ယင်း​​လင်း​တကို သူလျှို​လုပ်ငန်း​​အတွက် ရည်ရွယ်​ကြောင်း​ သတင်း​ကို ငြင်း​ဆို​ထား​သည်။ အစ္စ​ရေး​​သည် တိရစ္ဆာန်များ​ကို သူလျှို​လုပ်ငန်း​တွင် အသုံး​ချ​လာ​ကြောင်း​ စွပ်စွဲမှုများ​ ထွက်​ပေါ်​လာသည်မှာ ယခု​လ​ပိုင်း​​အတွင်း​ ဒုတိယ​အကြိမ်​ဖြစ်သည်။ ပြီး​ခဲ့​သည့်​​နှစ်ကုန်ပိုင်း​​ကလည်း​ အီဂျစ်​နိုင်ငံ ကမ်း​ခြေ​တစ်ခုတွင် ငါး​မန်း​​တိုက်ခိုက်မှုများ​ ဖြစ်ပွား​ခဲ့​ရာ အီဂျစ်​အစိုး​ရက အစ္စ​ရေး​ ​ထောက်လှမ်း​ရေး​​ဌာန ​မော့​ဆက်သည် အဆိုပါ ငါး​မန်း​များ​​အား​ လူကို​တိုက်ခိုက်​အောင် ​လေ့​ကျင့်​ပေး​ပြီး​ အီဂျစ်၏ ခရီး​သွား​​လုပ်ငန်း​ကို ထိခိုက်​ပျက်ပြား​အောင် လုပ်​ဆောင်ခဲ့​ကြောင်း​ စွပ်စွဲခဲ့​သည်။

ယခုလင်း​တကိုမူ သဲကန္တာရအတွင်း​ရှိ ဟိုင်ရယ်မြို့​တွင် ပြီး​ခဲ့​သော ရက်ပိုင်း​က ဖမ်း​ဆီး​ရမိခြင်း​ဟုဆိုသည်။ ​မော့​ဆက်အဖွဲ့​မှ ​လေ့​ကျင့်​ပေး​ထား​သော လင်း​တဟု စွပ်စွဲခံရ​သော ငှက်ကြီး​သည် ​တောင်ပံနှစ်ဖက်ကြား​အရှည် ၈.၈ ​ပေအရွယ်အစား​ထိ ကြီး​မား​သည်။ အစ္စ​ရေး​မှ တာဝန်ရှိသူများ​ကမူ မိမိတို့​သည် မျိုး​သုဉ်း​လုနီး​နီး​ ရှား​ပါး​နေ​သော သတ္တဝါများ​၏ ​နေထိုင်စား​သောက်ပုံ အ​လေ့​အထကို ​ခြေရာခံ သိရှိလိုသည့်​ ရည်ရွယ်ချက်ဖြင့်​ GPS​ ခြေရာခံစနစ် တပ်ဆင်ထား​ကြောင်း​၊​ ထိုကိရိယာသည် လင်း​တကြီး​ မည်သည့်​နေရာ ​ရောက်​နေသည်ကို ​ထောက်လှမ်း​ရုံထက် မည်သို့​မျှ ပိုမတတ်နိုင်​ကြောင်း​၊​ သို့​သော်လည်း​ သနား​စရာ ငှက်ကြီး​ခမျာ အဖမ်း​ခံရပြီး​နောက် သူလျှိုအဖြစ် စွပ်စွဲခံရသည်မှာ ကံဆိုး​လှ​ကြောင်း​ တုန့်​ပြန်​ပြောဆိုခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here