ဗြိတိန်အကျဉ်း​ထောင်တစ်ခုတွင် ​ထောင်သား​များ​ ဆူပူ​အုံကြွမှုဖြစ်ပွား​

alt

ဗြိတိန်နိုင်ငံရှိ လုံခြံု​ရေး​ အား​နည်း​သော အကျဉ်း​ထောင်တစ်ခုတွင် အကျဉ်း​သား​များ​ အုံကြွကာ ​ထောင်ကိုပါ မီး​ရှို့​ခဲ့​ကြောင်း​ သိရသည်။ လန်ဒန်မြို့​မှ ​တောင်ဖက် ၉၅ ကီလိုမီတာခန့်​ အကွာတွင်ရှိ​သော အကျဉ်း​ထောင်တွင် ဇန်နဝါရီလ ၁ ရက်​နေ့​က အုံကြွမှု ဖြစ်ပွား​ခဲ့​ခြင်း​ဟု သိရသည်။

ဖို့​အိုး​ပင်း​ အကျဉ်း​ထောင်တွင် နှစ်သစ်ကူး​ ကာလ​အတွင်း​ အကျဉ်း​သား​များ​ အရက်​သေစာ ​သောက်စား​​ခဲ့​ခြင်း​ ရှိမရှိ စစ်​ဆေး​ရာမှ အုံကြွမှု ဖြစ်ပွား​ခဲ့​ခြင်း​ဟု သိရသည်။ အဓိကရုဏ်း​ စတင်ပြီး​ ၁၆ နာရီအကြာ ည​နေ ၄ နာရီတွင် အာဏာပိုင်များ​က မီး​ကို ထိန်း​ချုပ်နိုင်ခဲ့​သည်။ အကျဉ်း​ဦး​စီး​ ဝန်ကြီး​ဖြစ်သူ ကရစ်စပင်ဘလန့်​က အကျဉ်း​ထောင် အုံကြွမှုတွင် ပါဝင်​သော အကျဉ်း​သား​ ၁၅၀ ခန့်​ကို တိုက်ပိတ်ထား​လိ်ုက​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

အကျဉ်း​ထောင် အရာရှိများ​ အဖွဲ့​မှ ဒုတိယ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ မတ်ဖရီး​မင်း​က အဓိကရုဏ်း​ကို စတင်​စေခဲ့​သည့်​ အကျဉ်း​သား​ ၆ ဦး​အား​ ​ဖော်ထုတ်သိရှိပြီး​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အဓိကရုဏ်း​ နှိမ်နင်း​ရေး​ အတား​အဆီး​ ၆ ခု၊​ စနူကာခန်း​ ၁ ခု၊​ ​ရေကူး​ကန် ၁ ခု၊​ အား​ကစား​ရုံ ၁ ခုနှင့်​ ဧည့်​သည်လက်ခံ ​တွေ့​ဆုံခန်း​ ၁ ခုတို့​ ဖျက်စီး​ခံရ​ကြောင်း​ ဖရီး​မင်း​ကဆိုသည်။

အရက်​သေစာ ​သောက်စား​မှု စစ်​ဆေး​သည့်​ကိစ္စကို ​ထောင်သား​အချို့​က ငြင်း​ဆန်ပြီး​နောက် ယခုကိစ္စ စတင်ဖြစ်ပွား​ခဲ့​ခြင်း​ဟု သိရသည်။ အကျဉ်း​ထောင်တွင် အနည်း​ဆုံး​နောက်ထပ် ၂ နှစ်မျှ ပြစ်ဒဏ်ကျခံရဦး​မည့်​ အကျဉ်း​သား​ ၅၀၀ ​ကျော်ရှိ​နေသည်။ တရား​ရေး​ ဝန်ကြီး​ဌာနက အခင်း​ဖြစ်ပွား​ချိန်တွင် အကျဉ်း​ထောင် အရာရှိ ၂ ဦး​နှင့်​ အကူဝန်ထမ်း​ ၄ ဦး​သာ တာဝန်ထမ်း​ဆောင်လျက်ရှိရာ အထူး​စီမံခန့်​ခွဲ​ရေး​ အရာရှိများ​ကို အ​ရေး​ပေါ် အကူအညီ ​တောင်း​ခံခဲ့​ရ​ကြောင်း​ ​ပြောကြား​သွား​သည်။

ယခုဖြစ်ရပ်သည် ဗြိတိန်အကျဉ်း​ထောင် တစ်ခုတွင် ဖြစ်​တောင့်​ဖြစ်ခဲ အုံကြွမှုမျိုး​ ဖြစ်လာပြီး​ တာဝန်ရှိသူများ​က ဖြစ်စဉ်အ​သေး​စိတ်ကို စုံစမ်း​စစ်​ဆေး​နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here