ဆွီဒင်၏ ငှက်​ကောင်​ရေ ​မြောက်မြား​စွာ ​သေဆုံး​နေခြင်း​အ​ပေါ် သု​တေသီတို့​ ​လေ့​လာ

alt

ဆွီဒင်နိုင်ငံတွင် ငှက်​ကောင်​ရေ ​မြောက်မြား​စွာ ​သေဆုံး​​နေခြင်း​အ​ပေါ် သု​တေသီများ​က ​လေ့​လာ​လျက်​ရှိသည်။ အ​မေရိကန်ရှိ ​ဒေသ​အချို့​တွင် ငှက်များ​ ရုတ်တရက် ​သေဆုံး​​သကဲ့​သို့​ ဆွီဒင်ရှိ လမ်း​များ​​ပေါ်တွင်လည်း​ ​သေဆုံး​​နေသည့်​ ငှက်များ​ကို ​တွေ့​မြင်​နိုင်သည်။

ဖယ်ကိုပင်မြို့​ ရဲဌာနမှ အရာရှိတစ်ဦး​က ဥ​ရောပကျီး​ကန်း​ (ဂျက်​ဒေါငှက်) ၅၀ မှ ၁၀၀ ခန့်​သည် လမ်း​များ​ပေါ်တွင် ​သေ​ကြေ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ လမ်း​ပေါ်ပြုတ်ကျပြီး​ ​သေဆုံး​နေသည့်​ ငှက်အချို့​ ကား​တိုက်ခံရ​သော်လည်း​ အများ​စုမှာ ဒဏ်ရာအနာတရ မရှိဟုဆိုသည်။ ယင်း​ကဲ့​သို့​ ငှက်များ​စွာ ထူး​ထူး​ဆန်း​ဆန်း​ ​သေဆုံး​မှုမျိုး​ နှစ်သစ်ကူး​ အကြိုညကလည်း​ အ​မေရိကန်နိုင်ငံ၊​ အာကန်ဆက် ပြည်နယ်တွင် ဖြစ်ပွား​ခဲ့​သည်။ ထိုစဉ်က အ​တောင်နီငှက်နက် ၃၀၀၀ ခန့်​သည် အ​ကြောင်း​ရင်း​ တိတိကျကျ မသိဘဲ ​သေဆုံး​ခဲ့​သည်။

အ​မေရိကန်တွင် ငှက်များ​စွာ ​သေဆုံး​စဉ်ကမူ နှစ်သစ်ကူး​တွင် ပစ်​ဖောက်သည့်​ မီး​ရှူး​မီး​ပန်း​များ​နှင့်​ ဆက်စပ်နိုင်​ကြောင်း​ သိပ္ပံပညာရှင်များ​က ခန့်​မှန်း​ခဲ့​သည်။ သို့​သော်လည်း​ ဖယ်ကိုပင်တွင် ငှက်များ​သေဆုံး​စဉ်ကမူ မည်သူမျှ မီး​ရှူး​မီး​ပန်း​ ​ဖောက်မ​နေခဲ့​သည့်​အတွက် သု​တေသီများ​ ဦး​နှောက်စား​စရာ ဖြစ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here