​လေဒီဂါဂါ၏ အယ်ဘမ်သစ် ​မေလတွင် ထုတ်​ဝေမည်

alt

လေဒီဂါဂါ၏ အယ်ဘမ်သစ်ကို ​မေလအတွင်း​ ထုတ်​ဝေသွား​မည်ဟု သိရသည်။ ဖက်ရှင်အဆန်း​အပြား​များ​နှင့်​ ဂီတအရည်အ​သွေး​တို့​ကြောင့်​ ၂၀၁၀ ၏ အထင်ရှား​ဆုံး​ ဂီတကြယ်ပွင့်​တစ်ဦး​ ဖြစ်ခဲ့​သူ ဂါဂါက Born This Way အယ်ဘမ်နှင့်​ ပတ်သက်ပြီး​ နှစ်သစ်ကူး​ညတွင် အတည်ပြု ​ကြေညာခဲ့​သည်။

သူမ၏ Twitter မှတဆင့်​ ​မေလ ၂၃ ရက်​နေ့​တွင် အယ်ဘမ်ကို ထုတ်​ဝေသွား​မည်ဟု ​ရေး​သား​ခဲ့​သည်။ ဂါဂါသည် စတူဒီယို Version အဖြစ် အယ်ဘမ်သစ်ကို ​ဖေ​ဖော်ဝါရီ ၁၃ ရက်​နေ့​တွင် ထုတ်​ဝေသွား​မည်ဖြစ်ပြီး​ အယ်ဘမ်သစ် တစ်ခုလုံး​ကိုမူ ​မေလ ၂၃ ရက်​နေ့​မှ စတင်​ရောင်း​ချမည်ဖြစ်သည်။ သူမသည် ခန္ဓာကိုယ် ​အောက်ပိုင်း​ကို အသား​ပေး​ ​ဖော်ပြပြီး​ ဂျာကင်ဖြင့်​သာ မလုံတလုံ ဖုံး​ကွယ်ထား​သည့်​ ဓာတ်ပုံတစ်ပုံကိုလည်း​ Twitterတွင် လွှင့်​တင်ခဲ့​သည်။

ဂါဂါ၏ ​နောက်ဆုံး​ထုတ် အယ်ဘမ်ဖြစ်​သော The Fame Monster သည် ကမ္ဘာတဝှမ်း​တွင် ​ကော်ပီချပ်​ရေ ၆ သန်း​မျှထိ ​ရောင်း​ချခဲ့​ရပြီး​ ၂၀၁၀ ၏ အ​ရောင်း​ရဆုံး​ အယ်ဘမ်စာရင်း​တွင် ထိပ်ဆုံး​မှ ရပ်တည်နိုင်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here