တရုတ်နိုင်ငံ၏ အသံတိတ် ဂျက်တိုက်​လေယာဉ်အား​ သတင်း​စာတစ်​စောင်တွင် ​ဖော်ပြလိုက်

alt

တရုတ်သတင်း​စာ တစ်​စောင်က စစ်ဖက်တွင် အသုံး​ပြုမည့်​ ပထမဆုံး​ တရုတ်လုပ် အသံတိတ် ဂျက်တိုက်​လေယာဉ် (Stealth Fighter) သတင်း​ကို ​ဖော်ပြလိုက်​ကြောင်း​ သိရသည်။

ဇန်နဝါရီ ၅ ရက်​နေ့​က အင်္ဂလိပ် ဘာသာဖြင့်​ ထုတ်​ဝေသည့်​ Global Times သတင်း​စာတွင် J-20 သတင်း​ကို ​ဖော်ပြခဲ့​ပြီး​ ယင်း​လေယာဉ်ကို စမ်း​သပ်ပျံသန်း​မှုများ​ ပြုလုပ်ပြီး​ဖြစ်​ကြောင်း​ ​ရေး​သား​ထား​သည်။ J-20 ၏ တိုး​တက်​ကောင်း​မွန်လာမှုမှာ အမှန်ပင်ဖြစ်​ကြောင်း​၊​ ၎င်းသည် တရုတ်၏ ​ရေဒါဖြင့်​ မဖမ်း​နိုင်​သော ပထမဆုံး​ အသံတိတ် တိုက်​လေယာဉ် ဖြစ်လာ​ကြောင်း​ သတင်း​စာက ​ဖော်ပြထား​သည်။ ယင်း​သည် အ​မေရိကန်၏ နာမည်​ကျော် အသံတိတ်​လေယာဉ် F-22 နှင့်​ ယှဉ်ပြိုင်နိုင်မည်ဟုလည်း​ စစ်ဖက် နည်း​ပညာ ပါရဂူ ဆွန်ဇီဂျင်၏ အဆိုကို ကိုး​ကား​ပြီး​ သတင်း​စာက ​ဖော်ပြခဲ့​သည်။

ဆွန်က အ​မေရိကန်၏ တစ်ကမ္ဘာလုံး​ ဩဇာဖြန့်​ကျက်ရန် ကြိုး​ပမ်း​မှုကို တရုတ်က တုန့်​ပြန်ပြီး​ မိမိနိုင်ငံအား​ ကာကွယ်ရန် အရှိန်မြှင့်​ ကြိုး​ပမ်း​သွား​မည်ဟု ​ပြောကြား​ခဲ့​သည်။ အ​မေရိကန်စစ်ဖက်မှ ကျွမ်း​ကျင်သူများ​ကမူ အ​မေရိကန်အ​နေနှင့်​ တရုတ်၏ အသံတိတ် တိုက်​လေယာဉ် နည်း​ပညာအတွက် ပူပန်မှု မရှိ​ကြောင်း​ ​ပြောဆိုထား​ပြီး​ တရုတ်အ​နေနှင့်​ နည်း​ပညာပိုင်း​တွင် လိုအပ်ချက်များ​စွာ ရှိ​နေပြီး​ ယင်း​အတွက် နှစ်​ပေါင်း​အတန်ကြာ အချိန်ယူရမည်ဟု သုံး​သပ်ထား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here