ရန်သူ့​ထောက်လှမ်း​ရေး​ ​လေယာဉ်များ​အား​ ပစ်ချခဲ့​ဟု အီရန်​ကြေညာ

alt

အီရန်အစိုး​ရက ၎င်းတို့​သည် ရန်သူ့​ ​ထောက်လှမ်း​ရေး​ ​လေယာဉ်များ​ကို ပစ်ချခဲ့​ကြောင်း​ ​ကြေညာခဲ့​သည်။ ဇန်နဝါရီလ ၂ ရက်​ နေ့​က အီရန်အစိုး​ရက ၎င်းတို့​သည် မိမိတို့​ ​လေပိုင်နက်အတွင်း​ ကျူး​ကျော်ခဲ့​သည့်​

အ​နောက်နိုင်ငံများ​မှ ​ထောက်လှမ်း​ရေး​ ​လေယာဉ် အ​တော်များ​ များ​ကို ပစ်ချခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ထို​လေယာဉ် အများ​အပြား​သည် အီရတ်စစ်ပွဲတွင် အ​မေရိကန်တို့​ သုံး​စွဲခဲ့​သည့်​ ​မော်ဒယ်များ​ဖြစ်​ကြောင်း​ လည်း​ အီရန်ကာကွယ်​ရေး​ ဝန်ကြီး​ဌာနကဆိုသည်။ ၎င်းတို့​သည် ပါရှင်း​ပင်လယ်​ကွေ့​တွင် ပျံသန်း​နေသည့်​ ​လေယာဉ် ၂ စင်း​ကို ကြား​ဖြတ်ဟန့်​တား​ခဲ့​ ပြီး​ အခြား​လေယာဉ် အ​တော်များ​များ​ကို ပစ်ချခဲ့​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အစ္စ​ရေး​နှင့်​ အ​မေရိကန်တို့​ကို အဓိက ရန်သူ​တော်များ​အဖြစ် သတ်မှတ်ထား​သည့်​ အီရန်၏ ​ပြောကြား​ချက်နှင့်​ ပတ်သက်၍ ထိုနှစ်နိုင်ငံက တစုံတရာ တုန့်​ပြန်မှု မရှိ​သေး​ချေ။ အ​မေရိကန် အမှတ် ၅ ​ ရေတပ်မကြီး​သည် ပါရှန်း​ပင်လယ်​ကွေ့​တွင် တပ်စွဲထား​ပြီး​ မိမိတို့​ ​လေယာဉ်များ​ လက်တ​လော ပစ်ချခံရ​ကြောင်း​ သတင်း​မရရှိခဲ့ဟု တုန့်​ပြန်ခဲ့​သည်။

အီရန် ​တော်လှန်​ရေး​ အ​စောင့်​တပ်ဖွဲ့​၏ ​လေတပ်မှ ဗိုလ်ချုပ် အမာအလီဟာဂျီဇာဒါး​က အီရတ်နှင့်​ အာဖဂန်နစ္စတန်တွင် အ​မေရိကန်တို့​ အသုံး​ပြုခဲ့​ သည့်​ ​မောင်း​သူမဲ့​ ​လေယာဉ်များ​ကို အီရန်​ထောက်လှမ်း​ရေး​အတွက် အ​မေရိကန်နှင့်​ မဟာမိတ်များ​က ပြန်လည်သုံး​စွဲ​နေ​ကြောင်း​ စွပ်စွဲထား​သည်။ သို့​သော်လည်း​ ယင်း​လေယာဉ်များ​သည် အီရန်၏ ​လေပိုင်နက်ကို ဝင်​ရောက်နိုင်ရန်အတွက်မူ အစွမ်း​အစ လိုအပ်​နေ​သေး​ကြောင်း​ ၎င်းက ​လှောင်​ ပြောင်​ပြောဆိုခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here