ပါကစ္စတန်တွင် ​ဒေသဆိုင်ရာ အုပ်ချုပ်​ရေး​မှူး​ အသတ်ခံရပြီး​နောက် ဘာသာ​ရေး​အမြင် ကွဲပြား​တင်း​မာမှုများ​ မြင့်​တက်

alt

ပါကစ္စတန်ရှိ ​ဒေသ​ဆိုင်ရာ အုပ်ချုပ်​ရေး​မှူး​​တစ်ဦး​ အသတ်​ခံရခြင်း​ကို ဘာသာ​ရေး​​အဖွဲ့​များ​က ဝမ်း​မြောက်​ဝမ်း​သာ ဂုဏ်ပြုခဲ့​သည့်​ အတွက် နိုင်ငံ​တွင်း​ ဘာသာ​ရေး​ အမြင်​ကွဲပြား​ တင်း​မာမှုများ​ ပိုမို​မြင့်​တက်လာခဲ့​သည်။

ပန်ဂျပ်​ပြည်နယ် အုပ်ချုပ်​ရေး​မှူး​​ဖြစ်သည့်​ အသက် ၆၆ နှစ်အရွယ် ဆယ်မန်​တာဆီယာသည် ယခု​သီတင်း​ပါတ်အတွင်း​က လုပ်ကြံသတ်ဖြတ်ခံခဲ့​ရသည်။ ဇန်နဝါရီလ ၄ ရက်​နေ့​က တာဆီယာ​သည် ဘုရား​ သခင်၏ နှုတ်မြွက်​တရား​တော်များ​အား​ လိုက်နာ​ရိုကျိုး​ခြင်း​ မရှိ​သော​ကြောင့်​ဟူ​သော စွဲချက်ဖြင့်​ ၎င်း၏ ရဲကိုယ်ရံ​တော် တစ်ဦး​​၏ လုပ်ကြံ​သတ်ဖြတ်မှု​ကို ခံခဲ့​ရသည်။

အဆိုပါ လုပ်ရပ်ကို ​ဒေသတွင်း​ရှိ ဘာသာ​ရေး​အဖွဲ့​များ​က ချီး​ကျူး​ခဲ့​ပြီး​ ဘုရား​သခင်အား​ ​စော်ကား​သူမှန်သမျှ ယင်း​ကံကြမ္မာမျိုး​ ကြံုရမည်ဟု ​ကြွေး​ကြော်​နေကြသည်။ ပါကစ္စတန်သည် အ​မေရိကန်နှင့်​ လက်တွဲကာ အကြမ်း​ဖက်မှု တိုက်ဖျက်​ရေး​ကို အင်တိုက်အား​တိုက် ​ဆောင်ရွက်​နေ​သော်လည်း​ မွတ်ဆလင်ဘာသာဝင် လူများ​စု ​နေထိုင်သည့်​အတွက် အ​မေရိကန် ဆန့်​ကျင်​ရေး​ အင်အား​ စုမှာလည်း​ ကြီး​ကြီး​မား​မား​ ရှိ​နေသည်။ ထို့​ကြောင့်​ အ​မေရိကန်နှင့်​ အ​နောက်နိုင်ငံများ​အား​ ​ထောက်ခံ​သော အမြင်မျိုး​ရှိသူ တာဆီယာမှာ လုပ်ကြံခံရခြင်း​ဖြစ်သည်။ မွတ်ဆလင် ဘာသာ​ရေး​ အဖွဲ့​များ​သည် တာဆီယာအား​ လုပ်ကြံပြီး​နောက် လက်နက်ချ အဖမ်း​ခံခဲ့​သူကို အကြီး​အကျယ် ချီး​ကျူး​ပြီး​ သူရဲ​ကောင်း​သဖွယ် ဂုဏ်ပြု​နေကြသည်။ လူသတ်သမား​ မမ်တက်ကွာဒရီ၏ Facebook တွင် လူ​ပေါင်း​ ၂၀၀၀ ​ကျော်က လာ​ ရောက်ချိတ်ဆက်ကာ ၎င်းအား​ ​ထောက်ခံအား​ပေး​မှု ပြုခဲ့​ကြသည်။

ပါကစ္စတန် နိုင်ငံ​ရေး​သည် ဘာသာ​ရေး​နှင့်​ ​ရော​ထွေး​ယှက်နွယ်မှု ရှိ​နေရာ ဩဇာကြီး​မား​သော ပါတီအချို့​က တာဆီယာ၏ လုပ်ကိုင်ပုံများ​သည် ဘာသာ​ရေး​အရ ​သေဒဏ်နှင့်​ ထိုက်တန်​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။ တာဆီယာ၏ ရုပ်အ​လောင်း​ကို ဇန်နဝါရီ ၅ ရက်​နေ့​က ဇာတိမြို့​ လာဟိုတွင် သဂြင်္ိုဟ်ခဲ့​သည်။ တာဆီယာအား​ လုပ်ကြံမှုနှင့်​ ပတ်သက်ပြီး​ အခြား​သော ရဲတပ်ဖွဲ့​ဝင် ၁၂ ဦး​ကိုလည်း​ ဖမ်း​ဆီး​စစ်​ဆေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here