Apple iPad ကို ယှဉ်ပြိုင်မည့်​ Motorola ၏ Xoom Tablet မိတ်ဆက်ပြသ

alt

Motorola သည် Apple မှ ထုတ်လုပ်​သော နာမည်​ကျော် Tablet ကွန်ပျူတာ iPad ကို ယှဉ်ပြိုင်မည့်​ Tablet တစ်မျိုး​အား​ ပြသလိုက်သည်။ Xoom ဟု အမည်​ပေး​ထား​သော Tablet သည် Google ထုတ် Android ကို အဓိက OS အဖြစ် သုံး​စွဲထား​ကြောင်း​

အ​မေရိကန် ဆက်သွယ်​ရေး​ နည်း​ပညာ ကုမ္ပဏီကြီး​ကဆိုသည်။ Motorola ၏ Mobile နည်း​ပညာဌာန အမှု​ဆောင်ချုပ် ဆန်​ဂျေဂျား​က Touchscreen နည်း​ ပညာသုံး​ Xoom အပြင် အခြား​သော ဖုန်း​ ၃ မျိုး​ကိုပါ CES ပြပွဲတွင် ထုတ်​ဖော်ပြသသွား​သည်။ Xoom သည် Screen အကျယ် ၁၀.၁ လက်မရှိပြီး​ ဧပြီလတွင် စတင်​ရောင်း​ချသွား​မည်ဖြစ်သည်။

Android 3.0 ​ခေါ် Honeycomb ကို OS အဖြစ် အသုံး​ပြုထား​ကာ ကင်မရာလည်း​ တပ်ဆင်ထား​ မည်ဖြစ်သည်။ ထို့​အပြင် Adobe Flash ကိုလည်း​ သုံး​စွဲနိုင်မည်ဖြစ်ရာ iPad ထက် သာလွန်​သော အချက်များ​ ဖြစ်လာသည်။ Motorola သည် 3G ကွန်ရက် ရရှိ​သော Xoom ကို အ​မေရိကန်​​​ဈေး​ကွက်တွင် စတင်​ဖြန့်​ဖြူး​​မည်ဖြစ်ပြီး​ ယခုနှစ် ​နှောင်း​ပိုင်း​တွင်မူ 4Gကွန်ရက် အသုံး​ပြုနိုင်မည့်​ Version သစ်ကို အဆင့်​မြှင့်​တင် ​ရောင်း​ချ​သွား​မည်​ဖြစ်​ကြောင်း​ ထုတ်ပြန်​​ကြေညာ​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here