​ကေတီပရိုက်၏ အိမ်​ထောင်​ရေး​ အဆင်မ​ပြေမှုများ​နှင့်​ ဆုံး​ခန်း​တိုင်ဖွယ်ရှိ

alt

ဗြိတိသျှ နာမည်​ကျော် ​မော်ဒယ်နှင့်​ မင်း​သမီး​ဖြစ်သူ ​ကေတီပရိုက်က သူမ၏ အိမ်​ထောင်​ရေး​သည် ဆုံး​ခန်း​တိုင်လုလု ဖြစ်​နေ​ ကြောင်း​ Twitter မှတဆင့်​ ထုတ်​ဖော်ဝန်ခံခဲ့​သည်။

​ဂျော်ဒန်ဟု ပရိသတ်များ​က ​ခေါ်​ဝေါ်​သော ပရိုက်က ပရိသတ်များ​သည် သူမ၏ အိမ်​ထောင်​ရေး​ကို စိတ်ဝင်စား​နေသည်ကို နား​လည်​ကြောင်း​၊​ သူမနှင့်​ အဲလက်ရိဒ်တို့​၏ ဆက်ဆံ​ရေး​သည် ယခုအခါ အဆိုး​ဆုံး​ ဖြစ်လာခဲ့​ကြောင်း​ Twitter တွင် ​ရေး​ သား​ထား​ခဲ့​သည်။ ပရိုက်နှင့်​ ရိတို့​သည် ပြီး​ခဲ့​သည့်​နှစ် ​ဖေ​ဖော်ဝါရီ လဆန်း​ကမှ လက်ထပ်ထား​ရာ အိမ်​ထောင်သက် ၁ နှစ်ပင် မပြည့်​သေး​ချေ။

အသက် ၃၂ နှစ်ရှိ ပရိုက်နှင့်​ သူမထက် ၃ နှစ်ပိုကြီး​သော ရိတို့​သည် အိမ်​ထောင်​ရေး​ မ​ပြေလည်​ကြောင်း​ ပြီး​ခဲ့​သည့်​ လပိုင်း​ကတည်း​က ​ကောလဟာလများ​ ထွက်​ပေါ်​နေသည့်​တိုင် ပရိုက်က ငြင်း​ဆန်​နေခဲ့​သည်။ သို့​သော်လည်း​ ယခုအခါ ပရိုက်၏ အနုပညာ အလုပ်များ​ကြောင့်​ ရိကို အချိန်မ​ပေး​နိုင်သည့်​ အတွက် အိမ်​ထောင်​ရေး​ တစထက်တစ ဆိုး​ရွား​လာခဲ့​ကြောင်း​ နီး​စပ်သူများ​ကဆိုသည်။

ပရိုက်သည် ယခင်အိမ်​ထောင်များ​နှင့်​ က​လေး​ ၃ ဦး​ရှိ​ သော်လည်း​ ရိနှင့်​မူ က​လေး​မရခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here