အိုင်ဗရီကို့​စ်သို့​ ကုလသမဂ္ဂ ငြိမ်း​ချမ်း​ရေး​တပ်ဖွဲ့​များ​ ထပ်မံ​ပေး​ပို့​ရန် လုံခြံု​ရေး​ကောင်စီထံ ​တောင်း​ဆို

alt

အိုင်ဗရီကို့​စ်နိုင်ငံတွင် တပ်စွဲထား​သော ကုလသမဂ္ဂ ငြိမ်း​ချမ်း​ရေး​ တပ်ဖွဲ့​များ​သည် တပ်ဖွဲ့​ဝင်သစ်များ​ ​ပေး​ပို့​ပါရန် ကုလသမဂ္ဂ လုံခြံု​ရေး​ကောင်စီထံ တင်ပြ​တောင်း​ခံထား​ကြောင်း​ သိရသည်။

နိုင်ငံအတွင်း​ ပဋိပက္ခများ​ကြောင့်​ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​ဝင်အင်အား​ ၁၀၀၀ နှင့်​ ၂၀၀၀ ကြား​ ထပ်မံ​ပေး​ပို့​ရန် ​တောင်း​ခံထား​ခဲ့​သည်။ ကုလသမဂ္ဂ၏ အိုင်ဗရီကို့​စ်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှုဌာန အကြီး​အကဲ အလိန်း​ လီရွိုင်း​က လာမည့်​သီတင်း​ပါတ် အနည်း​ငယ်အတွင်း​ တပ်အင်အား​ဖြည့်​တင်း​ပေး​နိုင်ရန် ​မျှော်လင့်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အိုင်ဗရီကို့​စ်တွင် ​ရွေး​ ကောက်ပွဲ ရှံုး​နိမ့်​ထား​သည့်​ သမ္မတ ​လောရင့်​ဂျီဘက်ဘိုက အာဏာလွှဲ​ပေး​ရန် ငြင်း​ဆန်သည့်​အတွက် နိုင်ငံ​ရေး​ အဓိကရုဏ်း​များ​ ဖြစ်​ပေါ်လာခဲ့​သည်။

ကုလသမဂ္ဂ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​များ​သည် ​ရွေး​ကောက်ပွဲ အနိုင်ရသည့်​ အလက်ဆိန်း​ ​အော့​တာရာအား​ အကာအကွယ်​ပေး​ထား​ရာ အစိုး​ရ တပ်မှူးများ ရန်ရှာမှုကို ခံ​နေရသည်။ လက်ရှိတွင် အိုင်ဗရီကို့​စ် နိုင်ငံအတွင်း​ ငြိမ်း​ချမ်း​ရေး​ ထိန်း​သိမ်း​မှု တပ်ဖွဲ့​ဝင် တစ်​သောင်း​ဝန်း​ကျင် တပ်စွဲထား​သော်လည်း​ ရမ်း​ကား​တိုက်ခိုက်မှုများ​ မြင့်​တက်လာခြင်း​ကြောင့်​တပ်ဖွဲ့​ဝင်ဦး​ရေ ပိုမိုလိုအပ်လာခြင်း​ဖြစ်သည်။ ​အော့​တာရာက နိုင်ငံ၏ လက်ရှိအ​ခြေအ​နေကို စိုး​ရိမ်​ကြောင်း​ ဝန်ခံခဲ့​သော်လည်း​ ပြည်တွင်း​စစ်တစ်ခု ဖြစ်မလာနိုင်ဟု ​မျှော်လင့်​ကြောင်း​ ​ပြောဆိုသွား​သည်။ ထို့​အပြင် ဂျီဘက်ဘိုသည် လက်နက်အား​ကိုး​ဖြင့်​ အာဏာကို ထိန်း​သိမ်း​ရန် ကြိုး​ပမ်း​နေခြင်း​သာဖြစ်​ကြောင်း​လည်း​ ၎င်းက ဝန်ခံခဲ့​သည်။

ကုလသမဂ္ဂ၊​ အ​ မေရိကန်၊​ ဥ​ရောပယူနီယံနှင့်​ အာဖရိက ယူနီယံတို့​က နိုဝင်ဘာ ​ရွေး​ကောက်ပွဲ ရလဒ်အတိုင်း​ ဂျီဘက်ဘိုအား​ အာဏာစွန့်​ရန် တိုက်တွန်း​ထား​ သော်လည်း​ ၎င်းက ဆက်လက်ငြင်း​ဆန်​နေပြီး​ မိမိသာ တရား​ဝင် သမ္မတဖြစ်​ကြောင်း​ ​ကြွေး​ကြော်ကာ ရာထူး​ကို ဆက်လက်ဆုပ်ကိုင်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here