ပြင်း​ထန်သည့်​ ရာသီဥတု အ​အေး​ဒဏ်​​ကြောင့်​ အိန္ဒိယ​တွင် ​သေဆုံး​မှုများ​ဖြစ်

alt

အိန္ဒိယနိုင်ငံတွင် ပြင်း​ထန်​​အေး​မြ​သော ရာသီဥတု​ကြောင့်​ လူများ​ ​သေ​ကြေ​ပျက်စီး​​လျက်ရှိ​ကြောင်း​ သိရသည်။ နိုင်ငံ​​​မြောက်ပိုင်း​ ​ ဒေသတွင် အနည်း​ဆုံး​ လူ​နှစ်​ဒါဇင်မျှ ရာသီ​ဥတု ဆိုး​ရွား​မှု​ကြောင့်​ အသက်​ဆုံရှုံး​ခဲ့​ကြရသည်။

အိန္ဒိယ​က အုပ်ချုပ်​နေသည့်​ ကက်ရှမား​၊​ ဟာယာနား​၊​ ပန်ဂျပ်နှင့်​ ယူတာ ပရာဒက်​တို့​တွင် အ​ခြေအ​နေ ဆိုး​ဆုံး​ဖြစ်သည်။ ကက်ရှမား​ရှိ လား​ဒေသတွင် အပူချိန် အနုတ် ၂၃.၆ ဒီဂရီ ဆဲဆီး​ရပ်ထိ ကျဆင်း​ခဲ့​ သည်။ ဇန်နဝါရီလ ၂ ရက်​နေ့​က ​ရောက်ရှိခဲ့​သည့်​ ယင်း​အပူချိန်သည် ​ဆောင်း​တွင်း​ကာလတွင် အနိမ့်​ဆုံး​လည်း​ဖြစ်သည်။ ယခုနှစ်ပိုင်း​များ​အတွင်း​ အဆိုး​ဆုံး​ ​ဆောင်း​တွင်း​နှင့်​ ကြံုခဲ့​ရသည့်​ နယူး​ဒေလီတွင်လည်း​ နှင်း​များ​ကျဆင်း​နေပြီး​ အပူချိန်သည် အနုတ် ရ.၈ ဒီဂရီ ဆဲဆီး​ရပ်သို့​ ထိုး​ဆင်း​သွား​ သည်။

အိန္ဒိယရှိ အိမ်များ​သည် အ​နောက်နိုင်ငံများ​ကဲ့​သို့​ အိမ်တွင်း​အပူ​ပေး​စနစ် တပ်ထား​လေ့​မရှိရာ ရာသီဥတု ဆိုး​ရွား​မှုကို အလူး​အလိမ့်​ ခံစား​ ကြရသည်။ ကက်ရှမား​နှင့်​ အိန္ဒိယ၏ အခြား​ဒေသများ​ ဆက်ထား​သည့်​ လမ်း​မကြီး​သည် ​ရေခဲပြီး​ လမ်း​ချော်မှုများ​ ဖြစ်​ပေါ်​နေသည်။ အ​အေး​ လွန်ကဲသည့်​ ​ဒေသများ​အတွင်း​ လူ​ပေါင်း​ ၂၄ ဦး​ထက်မနည်း​ ​သေဆုံး​ကြောင်း​ တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​ပြီး​ အများ​စုမှာ အိမ်​ခြေရာမဲ့​များ​ ဟုဆိုသည်။ ထို့​အပြင် သက်ကြီး​ရွယ်အိုနှင့်​ က​လေး​ငယ်များ​သည် ရာသီဥတု ဆိုး​ရွား​မှု​ကြောင့်​ အသက်ဆုံး​ရှံုး​နိုင်သည့်​ အ​ခြေအ​နေ ပိုမိုမြင့်​မား​ ကြောင်း​လည်း​ တာဝန်ရှိသူများ​က သတိ​ပေး​ချက် ထုတ်ပြန်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here