ကိုယ်ဝန်​ဆောင်ချိန်တွင် ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ပါက သမီး​မွေး​ရန် အခွင့်​အလမ်း​ပိုများ​

alt

ကိုယ်ဝန်​ဆောင်ချိန်တွင် မိခင်​လောင်း​များ​က ဟင်း​သီး​ဟင်း​ရွက် များ​များ​စား​ခြင်း​ဖြင့်​ သမီး​လေး​ ​မွေး​ဖွား​ရန် အခွင့်​အလမ်း​ ပိုများ​ နိုင်​ကြောင်း​ သု​တေသန ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။

အသစ်ပြုလုပ်​သော သု​တေသန စစ်တမ်း​များ​က ကယ်ဆီယမ်နှင့်​ မက်ဂနီဆီယမ်ဓာတ် ပါဝင်မှု မြင့်​မား​သော အစိမ်း​ရောင် အသီး​အရွက်များ​ကဲ့​သို့​ အစား​အ​သောက်များ​ကို အများ​အပြား​ စား​သုံး​ပါက က​လေး​မွေး​ဖွား​ချိန်တွင် မိန်း​က​လေး​ ဖြစ်ရန် ၈၀ ရာခိုင်နှုန်း​ အခွင့်​အလမ်း​ ပိုများ​ကြောင်း​ ညွှန်ပြလျက်ရှိသည်။ ထို့​ကြောင့်​ သမီး​မိန်း​က​လေး​ လိုချင်​သော မိခင်များ​အ​နေနှင့်​ အသီး​ အရွက်နှင့်​ သစ်သီး​ဝလံများ​ ပိုမိုစား​သင့်​ကြောင်း​ သု​တေသီများ​ကဆိုသည်။

ထို့​အပြင် သား​ယောက်ျား​လေး​ ပိုလိုချင်​သော မိခင်​လောင်း​များ​သည် ပိုတက်ဆီယမ်နှင့်​ ဆိုဒီယမ်တို့​ ကြွယ်ဝသည့်​ ငှက်​ပျောသီး​နှင့်​ အာလူး​တို့​ကို များ​များ​စား​သင့်​ကြောင်း​လည်း​ ပညာရှင်များ​က ​ပြောကြား​ခဲ့​သည်။ Reproductive BioMedicine ဂျာနယ်တွင် ​ဖော်ပြမှုအရ ကိုယ်ဝန်​ဆောင်စဉ် အသီး​အရွက် အဓိက စား​သုံး​ခဲ့​သည့်​ မိခင်​လောင်း​ ၃၂ ဦး​အနက် ၂၆ ဦး​ သည် သမီး​လေး​များ​ ​မွေး​ဖွား​ပြီး​ ၆ ဦး​သာ သား​ယောက်ျား​လေး​ ဖွား​မြင်ခဲ့​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ယင်း​သို့​ဖြစ်ရခြင်း​မှာ အစား​အ​သောက်အလိုက် ပါဝင်​သော ဓာတ်သဘာဝများ​သည် သ​န္ဓေ​အောင်သည့်​ Chromosome များ​ကို ချိတ်ဆက်​ပေး​ရာတွင် ကွဲပြား​မှု ဖြစ်​စေ​သော​ကြောင့်​ဟု ယူဆရ​ကြောင်း​ သတင်း​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here