GQ ၏ ဝတ်စား​ဆင်ယင်မှု အ​ကောင်း​ဆုံး​စာရင်း​တွင် ​ဒေး​ဗစ်ဘက်ခမ်း​နှင့်​ သား​ဖြစ်သူတို့​ပါဝင်

alt

GQ မဂ္ဂဇင်း​က အ​ကောင်း​ဆုံး​ ဝတ်စား​​ဆင်ယင်မှု​အတွက် ​ရွေး​ချယ်​​ဖော်ပြခဲ့​ရာ ကမ္ဘာ​ကျော် ​ဘောလုံး​သမား​ ​ဒေး​ဗစ်ဘက်ခမ်း​နှင့်​ သား​ဖြစ်သူတို့​ ပါဝင်​​နေ​ကြောင်း​ သိရသည်။

GQ က ၂၀၁၁ တွင် အ​ကောင်း​ဆုံး​ ဝတ်စား​ဆင်ယင်သူ အမျိုး​သား​များ​ စာရင်း​ကို ခန့်​မှန်း​ဖော်ပြခဲ့​ရာ ​ ဟောလီး​ဝုဒ်မင်း​သား​ ဂျု​လော၊​ ဗြိတိန်​​တော်ဝင်မင်း​သား​ ဝီလျံတို့​လည်း​ ပါဝင်​နေသည်။ ထို့​အပြင် Kick Ass စတား​ ​အေရွန်​ဂျွန်ဆင်၊​ Twilight မင်း​သား​ ​ရောဘတ်​ပက်တင်ဆင် စသူတို့​လည်း​ ပါဝင်​လျက်ရှိသည်။

ထူး​ထူး​​ခြား​ခြား​အ​နေနှင့်​ အသက် ၃၅ နှစ်​အရွယ် အင်္ဂလန် လက်​ရွေး​စင်​ဟောင်း​ ဘက်ခမ်း​​အပြင် သား​ဖြစ်​သော ရိုမီယိုကိုပါ ထိပ်ဆုံး​ ၅၀ စာရင်း​တွင် ​ဖော်ပြခဲ့​သည်။ ရိုမီယိုသည် စာရင်း​၏ နံပါတ် ၂၆ တွင် ရှိ​နေပြီး​ ၎င်း၏ဖခင်မှာမူ နံပါတ် ၁၀ ချိတ်သည်။ ရိုမီယိုသည် ဘက်ခမ်း​နှင့်​ ဗစ်တိုး​ရီး​ယား​တို့​၏ သား​သုံး​ယောက်အနက် အလတ်ဖြစ်ပြီး​ ယခင်ကတည်း​က ဖက်ရှင်အမြင် ထက်သန်သူအဖြစ် ချီး​ကျူး​ခံရသည်။ ဗစ်တိုး​ရီး​ယား​က ရိုမီယိုသည် သူမအား​ မည်သည့်​ဝတ်စုံမျိုး​ ဝတ်သင့်​သည်ကို အကြံ​ပေး​လေ့​ရှိ​ကြောင်း​ ​ ပြောကြား​ခဲ့​ဖူး​သည်။

အသက် ၁၀ နှစ်မပြည့်​သေး​သည့်​ ရိုမီယိုသည် ၎င်းကိုယ်တိုင် ဒီဇိုင်း​ထွင်ထား​သည့်​ က​လေး​ဖက်ရှင် မျက်မှန်များ​ကို ​ရောင်း​ချရန် ကုမ္ပဏီတစ်ခုနှင့်​ စာချုပ်ခွင့်​ ရထား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here