​​​အီ​ရတ်​နိုင်ငံ​တွင်​ ​ခ​ရစ်​ယာန်​​ဘာ​သာ​ဝင်များ​​ကို​ ဦး​တည်​​ဗုံး​ခွဲ​​တိုက်​ခိုက်

alt

အီ​ရတ်​နိုင်ငံ​၊​ ​ဘ​ဂ္ဂ​ဒက်​မြို့​တွင်​ ​ခ​ရစ်​ယာန်​ ​ဘာ​သာ​ဝင်များ​ကို​ ဦး​တည်​ပြီး​ ​ဗုံး​ဖြင့်​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​အ​နည်း​ဆုံး​ ​၂​ ဦး​ ​သေ​ဆုံး​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​ခ​ရ​စ္စ​မတ်​ ​အ​ထိမ်း​အ​မှတ်​ ​ပွဲ​တော်​ကျင်း​ပ​မည့်​ ​ခ​ရစ်​ယာန်​တို့​ကို​ ​

အယ်​ကေး​ဒါး​တို့​က​ ​တိုက်​ခိုက်​မည်​ဖြစ်​ကြောင်း​ ​ကြို​တင်​ကြေ​ညာ​ထား​ခဲ့​သော်​လည်း​ ​ဒီ​ဇင်​ဘာ​ ​၂၉​ ​ရက်​နေ့​က​မှ​ ​ခ​ရစ်​ယာန်​ ​မိ​သား​စု​များ​ကို​ ​တိုက်​ခိုက်​လာ​ခြင်း​ဖြစ်​သည်​။​ ​

လမ်း​ဘေး​ဗုံး​များ​ ​ပေါက်​ကွဲ​မှု​နှင့်​ လက်​ပစ်​ဗုံး​များ​ဖြင့်​ ​တိုက်​ခိုက်​မှု​များ​ကြောင့်​ ​ဘ​ဂ္ဂ​ဒက်​တောင်​ပိုင်း​ ​မိ​သား​စု​တစ်​ခု​တွင်​ ​လူ​ ​၂​ ဦး​ ​သေ​ဆုံး​ပြီး​ ​၅​ ဦး​ဒဏ်​ရာ​ရ​ရှိ​ခဲ့​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ​ထို​နေ့​တွင်​ပင်​ ​မြို့​တော်​အ​ရှေ့​ပိုင်း​တွင်​လည်း​ ​လက်​ပစ်​ဗုံး​ဖြင့်​ ​တိုက်​ခိုက်​ခဲ့​ရာ​ ​လူ​ ​၃​ ဦး​ ​ဒဏ်​ရာ​ရ​ရှိ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​ဘ​ဂ္ဂ​ဒက်​ ​အ​နောက်​ပိုင်း​ရှိ​ ​ခ​ရစ်​ယာန်​ ​မိ​သား​စုတစ်​ခု​ ​နေ​အိမ်​အ​နီး​ ​လမ်း​ဘေး​ဗုံး​ ​ပေါက်​ကွဲ​ရာ​ ​မိ​သား​စု​ဝင် ​တစ်ဦး​နှင့်​ ​ဖြတ်​သွား​ဖြတ်​လာ​ ​မော်​တော်​ဆိုင်​ကယ်​သ​မား​တစ်ဦး​ ​ဒဏ်​ရာ​များ​ ​ရ​ရှိ​ခဲ့​သည်​။​ ​

ခ​ရစ်​ယာန်​ ​ဘာ​သာ​ဝင်များ​ကို​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​ခြင်း​ကြောင့်​ ​အ​သေ​အ​ပျောက်​ရှိ​ခဲ့​ကြောင်း​ ​စစ်​ဖက်​ပြော​ရေး​ဆို​ခွင့်​ရ​ ​အ​ရာ​ရှိ​ ​ဗိုလ်​မှူး​ချုပ်​ ​ကွက်​ဆင်း​အယ်​ ​မူ​ဆာ​ဝီ​က​ဆို​သည်​။​ ​အယ်​ကေး​ဒါး​တို့သည်​ ​အီ​ရတ်​ရှိ​ ​ခ​ရစ်​ယာန်​ ​လူ့​အ​ဖွဲ့​အ​စည်း​ကို​ ​ယ​ခင်​က​တည်း​က​ ​ပစ်​မှတ်​ထား​ခဲ့​ပြီး​ ​ခ​ရ​စ္စ​မတ်​ပွဲ​ ​ကျင်း​ပ​ခဲ့​သူ​များ​ကို​ ​အ​ဓိ​က​ ​တိုက်​ခိုက်​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အီ​ရတ်​တွင်​ ခ​ရစ်​ယာန်​ ​ဘာ​သာ​ဝင် ​လေး​သိန်း​နှင့်​ ​ခြောက်​သိန်း​ကြား​ ​နေ​ထိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here