​တ​ရုတ်​နိုင်ငံ​မှ​ အိမ်​သာ​​​လဲ​လှယ်​​​အ​သုံး​ပြု​စေ​မည့်​ ​လိင်​ပ​ညာ​ပေး​​​အ​စီ​အ​စဥ်

alt

လိင်​ပ​ညာ​ရေး​ ​အ​စီ​အ​စဥ်​ ​တစ်​ခု​အ​ဖြစ်​ ​ယောက်ျား​လေး​၊​ ​မိန်း​က​လေး​များ​ကို​ ​အိမ်​သာ​လဲ​လှယ်​ ​အ​သုံး​ပြု​စေ​မည့်​ ​စ​နစ်​တစ်​ခု​ကို​ ​တ​ရုတ်​နိုင်ငံ​တွင်​ ​စ​တင်​တော့​မည်​ဖြစ်​သည်​။​

​ဘေ​ဂျင်း​ရှိ​ ​ချာ​အို​ယန်​ကျောင်း​မှ​ ​တ​တိ​ယ​တန်း​ ​ကျောင်း​သား​ကျောင်း​သူ​များ​သည်​ ​အ​ပြန်​အ​လှန်​ ​အိမ်​သာ​လဲ​ ​အ​သုံး​ပြု​ကာ​ ​ဆန့်​ကျင်​ဖက်​လိင်​၏​ ​လိင်​အ​င်္ဂါ​ ​ဖွဲ့​စည်း​ပုံ​နှင့်​ ​သ​ဘော​သ​ဘာ​ဝတို့​အ​ကြောင်း​ ​လိင်​ပ​ညာ​ရေး​အ​ဖြစ်​ ​အ​စမ်း​သ​ဘော​ လေ့​လာ​သင်​ကြား​ခွင့်​ ​ရ​ရှိ​မည်​ဖြစ်​သည်​။​ ​

အိမ်​သာ​ ​ခ​ရီး​စဥ်​အ​ဖြစ်​ ​နာ​မည်​ပေး​ထား​သော​ ​ပ​ညာ​ရေး​ ​အ​စီ​အ​စဥ်​ကြောင့်​ ​မိန်း​က​လေး​နှင့်​ ​ယောက်ျား​လေး​များ​ ​သက်​ဆိုင်​ရာ​ ​လိင်​မှု​သ​ဘာ​ဝ​ကို​ ​ပို​မို​နား​လည်း​ ​သ​ဘော​ပေါက်​လာ​မည်​ဟု​ ​လိင်​ပ​ညာ​ရေး​ ​သင်​တန်း​ဆ​ရာ​ ​ဟူ​ဝမ်​ဂျွန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​အိမ်​သာ​များ​ကို​ ​အ​လည်​အ​ပတ်​သ​ဘော​ ​ပြောင်း​လဲ​အ​သုံး​ပြု​စေ​ခြင်း​ဖြင့်​ ​က​လေး​များ​၏​ ​ဆန့်​ကျင်​ဖက်​လိင်​နှင့်​ ​ကွဲ​ပြား​ခြား​နာ​မှု​ ​အ​သိ​ကို​ ​မြှင့်​တင်​ပေး​နိုင်​မည်​ဟု​ ​ဟူ​က​ရှင်း​ပြ​ခဲ့​သည်​။​

​တ​ရုတ်​ပ​ညာ​ရေး​ ​ဌာ​န​က​ ​ယ​ခု​စမ်း​သပ်​မှု​ ​ရ​လဒ်​ကို​ ​အ​ခြေ​ခံ​ကာ​ ​တစ်တန်း​မှ​ ​ခြောက်​တန်း​ထိ​ ​က​လေး​များ​ကို​ ​အိမ်​သာ​ခ​ရီး​စဥ်​များ​ ​စီ​စဥ်​ပေး​ရန်​ ​စဥ်​းစား​လျက်​ရှိ​သည်​။​ ​ထို့​အ​ပြင်​ ​က​လေး​များ​သည်​ ​သုက်​ပိုး​နှင့်​ ​မျိုးဥ​တို့​ ​ပေါင်း​စပ်​ကာ​ ​သ​န္ဓေ​အောင်​မှု​ ​အ​ဆင့်​များ​ကို​လည်း​ ​လေ့​လာ​သင်​ကြား​ခွင့်​ ​ရ​ရှိ​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here