​​​တောင်ကိုရီးယား​​နိုင်ငံတွင် ကျွဲနွားများ ခွာနာ​​လျှာနာ​​ရောဂါ သတိပေးချက်​​​​အမြင့်ဆုံး​​သတ်မှတ်လိုက်

alt

တောင်ကိုရီးယား​နိုင်ငံသည် နိုင်ငံ​အတွင်း ခွာနာ​လျှာနာရောဂါ သတိ​ပေးချက်ကို အမြင့်ဆုံး​အဆင့် သတ်မှတ်​လိုက်ကြောင်း သိရသည်။ ကျွဲနွား​တိရစ္ဆာန်များ​တွင် ဖြစ်ပွား​လေ့ရှိသည့် အဆိုပါ​ရောဂါ ဆိုးဆိုး​ရွားရွား

ပျံနှံ့​ကူးစက်​လာပြီးနောက် နိုဝင်ဘာ ၂၉ ရက်​နေ့က ဆိုးမြို့ အရှေ့​တောင်​ဖက်ရှိ မွေးမြူရေး စခန်းများ​တွင် အရေးပေါ် သတိပေးချက် စတင်​ထုတ်ပြန်​ခဲ့သည်။

ခွာနာ​လျှာနာရောဂါသည် တောင်ကိုရီးယား၏ မွေးမြူရေး လုပ်ငန်းအပေါ် ကြီးကြီးမားမား ထိုးနှက်ချက် ဖြစ်လာနိုင်ကြောင်း ပြည်သူ့ရေးရာ စီမံရေးနှင့် လုံခြံုရေး ဝန်ကြီးဌာနက အစားအစာ၊ ငါး​လုပ်ငန်း၊ သစ်တောနှင့် စိုက်ပျိုးရေး ဝန်ကြီးဌာနနှင့် ပူးတွဲပြီး ကြေညာချက် ထုတ်ပြန်​ခံသည်။ လက်ရှိ​ဖြစ်ပွားနေသော ရောဂါ​ပျံ့နှံ့မှုကြောင့် သတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်​ခဲ့သည်ဟု ပြည်သူ့​ရေးရာ စီမံရေးနှင့် လုံခြံုရေးဝန်ကြီး ယွန်ဂျွန်ဘွတ်က​ဆိုသည်။

ရောဂါကြောင့် ကျွဲနွား ၅၉၀၀၀ ကျော်နှင့် ဝက် ၄၀၃၀၀၀ ကျော်အပြင် ဆိတ်များပါ ပါဝင်သော တိရစ္ဆာန် အရေအတွက် ၄၇၀၀၀၀ ကျော်ကို သုတ်သင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဝန်ကြီးကဆိုသည်။ ခွာရှိသော တိရစ္ဆာန်များတွင် အဖြစ်များသည့် ခွာနာလျှာနာ ရောဂါသည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၂ ခုနှစ်များက တောင်ကိုရီးယားတွင် ကြီးကြီးမားမား ကူးစက်ဖြစ်ပွားခဲ့သလို ယခုနှစ် အစောပိုင်းကလည်း နိုင်ငံအတွင်း ၂ ကြိမ်မျှ ဖြစ်ပေါ်ခဲ့သေးကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here