အိုင်​ဗ​ရီ​ကို့စ်​ရှိ​ ​တပ်​ဖွဲ့​​ဝင်များ​ ​တိုက်ခိုက်​ခံ​ရ​ပါ​က​ ​ပြန်​လည်​​တုန့်​ပြန်​​မည်​ဟု​ ​ကု​လ​သ​မဂ္ဂ​သ​တိ​ပေး

alt

အိုင်​ဗ​ရီ​ကို့စ်​ ​သ​မ္မ​တ​အ​နေ​နှင့်​ ​နိုင်ငံ​အ​တွင်း​ရှိ​ ​ကု​လ​သ​မ​ဂ္ဂ​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​ဖွဲ့​များ​ကို​ ​တိုက်​ခိုက်​လာ​ပါ​က​ ​ပြန်​လည်​တုန့်​ပြန်​သွား​မည်​ဟု​ ​ကု​လ​သမ​ဂ္ဂ​က​ ​သ​တိ​ပေး​လိုက်​သည်​။​

​သ​မ္မ​တ​ ​လော​ရင့်​ ​ဂျီ​ဘက်​ဘို​သည်​ ​ကု​လ​သ​မ​ဂ္ဂ​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ ​တပ်​ဖွဲ့​များ​၏​ ​အ​စောင့်​အ​ရှောက်​ဖြင့်​ ​နေ​ထိုင်​သည့်​ ​အ​တိုက်​အ​ခံ​ခေါင်း​ဆောင်​ ​အ​လက်​ဆိန်း​ ​အော့​တာ​ရာ​ကို​ ​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​လာ​မည်​ဟု​ ​သ​တင်း​များ​ ​ထွက်​ပေါ်​နေ​ချိန်​တွင်​ ​ကု​လ​သ​မ​ဂ္ဂ​က​ ​ယ​ခု​လို​ ​အ​တိ​အ​လင်း​ ​ကြေ​ညာ​လိုက်​ခြင်း​ဖြစ်​သည်​။​

​အော့​တာ​ရာ​သည်​ ​ရွေး​ကောက်​ပွဲ​တွင်​ ​အ​နိုင်​ရ​ရှိ​သော်​လည်း​ ​ဂျီ​ဘက်​ဘို​က​ ​သ​မ္မ​တ​ရာ​ထူး​ ​လွှဲ​ပြောင်း​ပေး​ရန်​ ​ငြင်း​ဆို​ခဲ့​ပြီး​ ​အော့​တာ​ရာ​ကို​ ​စောင့်​ရှောက်​ထား​သည့်​ ​ငြိမ်း​ချမ်း​ရေး​ ​ထိန်း​သိမ်း​မှု​ တပ်​ဖွဲ့​ဝင် ​တစ်​သောင်း​ဝန်း​ကျင်​အား​ ​ရန်​စောင်​လျက်​ရှိ​သည်​။​ ​ကု​လ​သ​မ​ဂ္ဂ​ ​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး​ ​ဘန်​ကီ​မွန်း​က​ ​အိုင်​ဗ​ရီ​ကို့စ်​ ​အ​စိုး​ရ​အ​နေ​နှင့်​ ​ကု​လ​သ​မ​ဂ္ဂ​အား​ ​စ​တင်​တိုက်​ခိုက်​ပါ​က​ ​အ​လွန်​ကြီး​မား​သော​ ​အ​မှား​ဖြစ်​လာ​မည်​ဟု​ ​ပြော​ဆို​ခဲ့​သည်​။​ ​

ကု​လ​သ​မ​ဂ္ဂ​၏​ ​အိုင်​ဗ​ရီ​ကို့စ်​ ​နိုင်ငံ​ဆိုင်​ရာ​ ​သံ​အ​မတ်​ကြီး​ ​ယူ​ဆူ​ဖူး​ဘမ်​ဘာ​က​ ​လက်​ရှိ​နိုင်ငံ​ရေး​ ​အ​ခြေ​အ​နေ​သည်​ ​လူ​မျိုး​ရေး​ ​မုန်း​တီး​သတ်​ဖြတ်​မှု​များ​ထိ​ ​ဖြစ်​လာ​နိုင်​အောင်​ ​တင်း​မာ​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ​သ​မ္မ​တ​ ​ဂျီ​ဘက်​ဘို​သည်​ ​အ​မေ​ရိ​ကန်​၊​ ဥ​ရော​ပ​ယူ​နီ​ယံ​နှင့်​ ​အာ​ဖ​ရိ​က​ယူ​နီ​ယံ​တို့​၏​ ​အာ​ဏာ​စွန့်​ရန်​ ​ဖိ​အား​ပေး​ ​တောင်း​ဆို​နေ​မှု​ကို​ ​ငြင်း​ဆန်​ကာ​ ၎င်း​သည်​ ​နိုင်ငံ​၏​ ​တ​ရား​ဝင် ​သ​မ္မ​တ​အ​ဖြစ်​ ​ကြေ​ညာ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here