က​မ္ဘာ​ပေါ်​တွင်​ ​အ​သက်​​အ​ကြီး​ဆုံး​ ​က​လေး​​အ​ဖေ​​အ​ဖြစ်​ ​အိ​န္ဒိ​ယ​​အ​မျိုး​သား​​ကြွေး​ကြော်

alt

အိ​န္ဒိ​ယ​နိုင်ငံ​မှ​ ​အ​မျိုး​သား​ကြီး​ ​တစ်ဦး​က​ ၎င်း​သည်​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​သက်​အ​ကြီး​ဆုံး​ ​က​လေး​အ​ဖေ​ ​ဖြစ်​လာ​ကြောင်း​ ​ကြွေး​ကြော်​လိုက်​သည်​။​ ​အ​သက်​ ​၉၄​ ​နှစ်​ရှိ​ ​ရာ​မာ​ဂျစ်​ ​ရက်​ဟက်​က​ ​အ​သက်​ ​၅၉​ ​နှစ်​ရှိ​ ​ဇ​နီး​သည်​ ​ရှာ​ကွန်​တာ​လာ​ ​မွေး​ဖွား​သော​ ​က​လေး​သည်​ ​

ဘု​ရား​သ​ခင်​၏​ ​လက်​ဆောင်​ဖြစ်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ရှာ​ကွန်​တာ​လာ​သည်​ ​သား​ယောက်ျား​လေး​ ​တစ်ဦး​ကို​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​မွေး​ဖွား​ခဲ့​သည်​။​ ​မိ​မိ​အ​နေ​နှင့်​ ​က​မ္ဘာ​ပေါ်​တွင်​ ​အ​သက်​အ​ကြီး​ဆုံး​ ​က​လေး​အ​ဖေ​ ​ဖြစ်​လာ​ရ​ခြင်း​သည်​ ​အ​လွန်​ဂုဏ်​ယူ​စ​ရာ​ဖြစ်​ကြောင်း​ ​ရာ​မာ​ဂျစ်​က​ဆို​သည်​။

​ ရာ​မာ​ဂျစ်​သည်​ ငယ်​စဥ်​က​ ​န​ပမ်း​သ​မား​ ​တစ်ဦး​အ​ဖြစ်​ ​အ​သက်​မွေး​ခဲ့​ပြီး​ ​ကယ်​လို​ရီ​မြင့်​မား​သော​ ​အ​စား​အ​သောက်​များ​ကြောင့်​ ​က​လေး​မ​ရ​နိုင်​ခဲ့​ပေ​။​ ၎င်း​က​ ​ထို​စဥ်​အ​ချိန်​တွင်​ ​နေ့​စဥ်​ ​နို့​ ​၃​ ​လီ​တာ​နှင့်​ ​ထော​ပတ်​ ​၁​ ​ကီ​လို​ဂ​ရမ်​မျှ​ ​ပုံ​မှန်​စား​ခဲ့​ရ​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​ ရာ​မာ​ဂျစ်​တွင်​ ​စု​စု​ပေါင်း​ ​က​လေး​မည်​မျှ​ ​ရှိ​နေ​သည်​ကို​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​သေး​ချေ​။​ ​အိ​န္ဒိ​ယ​မြောက်​ပိုင်း​ ​ဟာ​ရီ​ယား​နား​ရှိ​ ​ခါ​ခို​ဒါ​ ​ကျေး​ရွာ​လေး​တွင်​ ​နေ​ထိုင်​သော​ ​စုံ​တွဲသည်​ ​က​လေးငယ်​အ​တွ​က​် ​အ​လွန်​ပျော်​ရွှင်​နေ​သည်​။​ ​ထို​ရွာ​တွင်​ ​လက်​ရှိ​တ​ရား​ဝင် ​အ​သက်​အ​ကြီး​ဆုံး​ ​က​လေး​အ​ဖေ​ဖြစ်​သော​ ​နာ​နူ​ရမ်​ ​ဂျို​ဂီ​ ​နေ​ထိုင်​လျက်​ရှိ​သည်​။​ ​နာ​နူ​သည်​ ၎င်း​၏​ ​၂၂​ ဦး​မြောက်​ ​က​လေး​ကို​ ​၂၀၀၇​ ​ခု​နှစ်​ ​အ​သက်​ ​၉၀​ ​အ​ရွယ်​တွင်​ ​ရ​ရှိ​ခဲ့​သည်​။​

ရာ​မာ​ဂျစ်​က​ ​က​လေး​မှာ​ ၎င်း​၏​သွေး​ဖြစ်​ကြောင်း​ ​အ​ခိုင်​အ​မာ​ ​ပြော​ဆို​နေ​သော်​လည်း​ ​ဆ​ရာ​ဝန်​များ​က​မူ​ ယင်း​အ​ချက်​ကို​ ​သံ​သ​ယ​ ​ရှိ​နေ​သည်​။​ ​ခါ​ခို​ဒါ​ ​ပြည်​သူ့​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ ​ပ​ရမ်​ဂျစ်​ဆင်း​က​ ​နာ​နူ​နှင့်​ ​ရာ​မာ​ဂျစ်​တို့​၏​ ​အ​နေ​အ​ထား​သည်​ ​မ​တူ​ညီ​ကြောင်း​၊​ ​နာ​နူ​သည်​ ​ယ​ခင်​က​တည်း​က​ ​က​လေး​များ​ ​ရှိ​ခဲ့​သော်​လည်း​ ​ရာ​မာ​ဂျစ်​မှာ​မူ​ ငယ်​ဘ​ဝ​က​ ​က​လေး​မ​ရ​နိုင်​ခဲ့​သည်​ကို​ ​ထည့်​သွင်း​စဥ်း​စား​ရန်​လို​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​သွား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here