ဂျက်နက်ဂျက်ဆင် စင်ကာပူတွင် ဖျော်ဖြေပွဲ ပြုလုပ်မည်

alt

ဂျက်နက်​ဂျက်ဆင်သည် စင်္ကာပူတွင် ဖျော်ဖြေပွဲ​တစ်ခု ကျင်းပ​ပြုလုပ်​သွားမည်​ဟု သိရသည်။ သူမ၏ Icon’s 35 ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဥ်​အဖြစ် ကမ္ဘာ့ြ​မို့ကြီးများကို ရွေးချယ်ခဲ့ရာ စင်္ကာပူက ဒုတိယြ​မို့​အဖြစ် ရွေးချယ်​သတ်မှတ်ခြင်း ခံရသည်။

ပထမဆုံး ဖျော်ဖြေပွဲ စတင်မည့်မြို့မှာ ဟောင်ကောင်​ဖြစ်သည်။ စင်္ကာပူတွင် ပြုလုပ်မည့် ဖျော်ဖြေ​ပွဲမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စင်္ကာပူအင်ဒိုး အားကစားကွင်းကြီးအတွင်း စီစဥ်​ထားခြင်း​ဖြစ်သည်။ ဂျက်နက်သည် သူမ၏ နာမည်ကျော် Number Ones အယ်ဘမ်မှ သီချင်းများ​ကို အဓိက ဖျော်ဖြေ​သွားမည်ဟု​ဆိုသည်။

လက်မှတ်များကို ဖျော်ဖြေပွဲ မစမီ တစ်လအလို ဇန်နဝါရီ ရ ရက်နေ့မှ စတင်​ရောင်းချ​သွားမည်ဟု သိရသည်။ ဂျက်နက်က စင်္ကာပူတွင် ဖျော်ဖြေရမည့် အစီအစဥ်အတွက် စိတ်လှုပ်ရှား​မိကြောင်း ပြောကြားခဲ့သည်။ စင်္ကာပူသည် သူမအတွက် အမှတ်တရအဖြစ်ဆုံး နေရာတစ်ခုဖြစ်ပြီး ဖေဖော်ဝါရီလ ရ ရက်နေ့ စင်္ကာပူ ပရိသတ်ရှေ့တွင် သီဆိုရန်၊ ကခုန်ရန်ကို စောင့်ပင်မစောင့်နိုင်တော့ဟု ဂျက်နက်က ပြောဆိုသွားသည်။ ထို့အပြင် သူမ၏ ကမ္ဘာလှည့် ဖျော်ဖြေပွဲ အစီအစဥ် အစပိုင်းကို အာရှတိုက်တွင် ကျင်းပဖြစ်ခြင်းကိုလည်း နှစ်သက်ကြောင်း ဂျက်နက်က ထုတ်ဖော်ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here