​​​​ညစ်​ညမ်း​ရုပ်​ရှင်​ ​ကု​မ္ပ​ဏီ​နှင့်​ ​အ​ချေ​အ​တင်​ဖြစ်​မှု​ ​အက်​ရှ်​တန်​​ကက်​ချာ​ ​အ​နိုင်​ရ

alt

ညစ်​ညမ်း​ရုပ်​ရှင်​များ​ ​ရိုက်​ကူး​ထုတ်​လုပ်​သည့်​ ​ကု​မ္ပ​ဏီ​တစ်​ခု​နှင့်​ ​အား​ပြိုင်နေ​မှု​တွင်​ ​မင်း​သား​ ​အက်​ရှ​တန်​ကက်​ချာ​က​ ​အ​နိုင်​ရ​ရှိ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​က​မ္ဘာ​ကျော်​ ​ဖျော်​ဖြေ​ရေး​ ​ကု​မ္ပ​ဏီ​ကြီး​ ​တစ်​ခု​ဖြစ်​သည့်​ Vivid​ ကု​မ္ပ​ဏီ​အား​ ၎င်း​၏​ ​အ​မည်​ကို​ ​လိင်​ရုပ်​ရှင်​တစ်​ကား​အ​တွက်​ Promotion​ ​ပြု​လုပ်​ရန်​ ​

မ​ဆီ​မ​လျော်​ ​အ​သုံး​ချ​မှု​အ​တွက်​ တ​ရား​စွဲ​သွား​မည်​ဟု​ ​ကက်​ချာ​က​ ​ခြိမ်း​ခြောက်​ခဲ့​သည်​။​ ​သို့​သော်​လည်း​ ​အ​ပြာ​ရုပ်​ရှင်​များ​ ​ရိုက်​ကူး​နေ​သည့်​ ​ကု​မ္ပ​ဏီကြီး​က​ ​ထို​ကိ​စ္စ​အ​တွက်​ ၎င်း​တို့​တွင်​ ​အ​ပြစ်​မ​ရှိ​ကြောင်း​ ​တုန့်​ပြန်​ခဲ့​ပြီး​ ​ကက်​ချာ​အား​ ​အ​သ​ရေ​ဖျက်​မှု​ဖြင့်​ ​တ​ရား​စွဲ​မည်​ဟု​ပင်​ ​တန်​ပြန်​ခြိမ်း​ခြောက်​ခဲ့​သည်​။​

​မူ​လ​က​ Vivid၏​ ​အ​ကြီး​အ​ကဲ​ ​စ​တိ​ဟစ်​ချ်​က​ ​ကက်​ချာ​၏​အ​မည်​ ​သုံး​စွဲ​မှု​အ​တွက်​ ​ငွေ​ကြေး​ပေး​ရန်​ ​ငြင်း​ဆို​ခဲ့​ပြီး​ ကက်​ချာ​၏​ ​အ​မည်​ကို​ ​ပယ်​ဖျက်​ပေး​ရန်​မူ​ ​သ​ဘော​တူ​ခဲ့​သည်​။ Vivid​ မှ​ ​တာ​ဝန်​ရှိ​သူ​ ​တစ်ဦး​က​ နာ​မည်​ကျော်​ ​ရုပ်​ရှင်​မင်း​သား​၏​ ​အ​မည်​ကို​ ​အသစ်​ထွက်​မည့်​ ​အ​ပြာ​ရုပ်​ရှင်​တွင်​ ​အ​သုံး​မ​ပြု​ရန်​ ​ဆုံး​ဖြတ်​လိုက်​ကြောင်း​၊​ ​ယင်း​အ​တွက်​ ​ကက်​ချာ​၏​ ​ပ​ရိ​သတ်​များ​လည်း​ ​ကျေ​နပ်​မည်​ထင်​ကြောင်း​ TMZ ​သို့​ ​ပြော​ကြား​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here