ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​ ​အ​ရေး​ပေါ်​​ဖုန်း​နံ​ပါတ်​အား​ ​ဆက်​သွယ်​၍​ ​ခရစ်​စ​မတ်​​ဆု​မွန်​ကောင်း​​တောင်း​ပေး​သည့်​ ​အ​မျိုး​သ​မီး

alt

ခ​ရစ်​စ​မတ်​ရက်​​အ​တွင်း​ ​ဗြိ​တိန်​​ရဲ​တပ်​ဖွဲ့​၏​ ​အ​ရေး​ပေါ်​ ​ဖုန်း​​နံ​ပါတ်​ကို​ခေါ်​ကာ​ ​ရဲ​များ​​အ​တွက်​ ​ဆု​မွန်​ကောင်း​ ​တောင်း​ပေး​​ခဲ့​သည့်​ ​အ​မျိုး​သ​မီး​​တစ်ဦး​မှာ​ စဥ်း​စား​ဉာဏ်​နည်း​သူ​​အ​ဖြစ်​ ​ဝေ​ဖန်​​ပြစ်​တင်​ခြင်း​ ​ခံ​နေ​ရ​သည်​။

​ ​၉၉၉​ ​ဖုန်း​နံ​ပါတ်​ကို​ ​ခေါ်​ဆို​​သ​ဖြင့်​ ​တာ​ဝန်​ကျ​ ​အ​ရာ​ရှိ​က​ ​အ​ရေး​ပေါ်​​ကိ​စ္စ​တစ်​ခု​ ​ရှိ​မ​ရှိ​ ​မေး​မြန်း​ခဲ့​ရာ​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီး​က​ ​အ​လွန်​​အ​ရေး​ကြီး​သည့်​ ​သ​တင်း​​စ​ကား​​တစ်​ခု​ ​ပါး​လို​ကြောင်း​၊​ ​ယ​နေ့​သည်​ ​ပျော်​ရွှင်​စ​ရာ​ ​ခ​ရ​စ္စ​မတ်​နေ့​​ဖြစ်​ကြောင်း​ ​ပြော​ဆို​ကာ​ ​ဖုန်း​ချ​​သွား​ခဲ့​သည်​။​ ​ဟတ်​ဖို့​ရှိုင်း​ယား​ ​ရဲ​တပ်​ဖွဲ့​သည်​ ​အ​ဆို​ပါ​ ​ဖုန်း​ခေါ်​မှု​နှင့်​ ​ပတ်​သက်​ပြီး​ You​ Tube​ တွင်​ ​လွှင့်​တင်​ကာ​ ​အ​ဆင်​ခြင်​မဲ့​သော​ ​ဖုန်း​ခေါ်​ဆို​မှု​များ​ ​မ​ပြု​လုပ်​ရန်​ ​တိုက်​တွန်း​​ခဲ့​သည်​။​

​၉၉၉​ ​ဖုန်း​နံ​ပါတ်​သည်​ ​အ​လွန်​​အ​ရေး​ကြီး​သော​ ​ကိ​စ္စ​များ​​အ​တွက်​ ​ရဲ​တပ်​ဖွဲ့​က​ ​ချက်​ချင်း​​တုန့်​ပြန်​ ​ဆောင်​ရွက်​​နိုင်​ရန်​ ​သတ်​မှတ်​​ပေး​ထား​ခြင်း​​ဖြစ်​ကြောင်း​၊​ ​အ​ပျော်​အ​ပျက်​​သ​ဘော​ ​လုပ်​ဆောင်​ချ​က်​များ​သည်​ ​ရဲ​များ​​အ​တွက်​ ​ကြီး​မား​စွာ​ ​အ​နှောင့်​အ​ယှက်​ ​ဖြစ်​စေ​​နိုင်​ကြောင်း​ ​ရဲ​တပ်​ဖွဲ့​မှ​ ​အ​ရာ​ရှိ​​တစ်ဦး​ဖြစ်​သူ​ ​ဂျေ​ဆန်​ဘက်​စ​တာ​​က​​ဆို​သည်​။​

ဗြိ​တိန်​ရဲ​တပ်​ဖွဲ့​သည်​ ​အ​ရေး​ပေါ်​ ​ဖုန်း​နံ​ပါတ်​ကို​ ​ခေါ်​ဆို​ရာ​တွင်​ ​အ​မှန်​တ​ကယ်​ ​လို​အပ်​မှ​ ​ပြု​လုပ်​ရန်​ ​ယ​ခင်​က​တည်း​က​ ​သ​တိ​ပေး​ထား​ခဲ့​သည်​။​ ​အ​ကယ်၍​ ​အ​ပျော်​သ​ဘော​ ​ခေါ်​ဆို​မှု​များ​ ​ပြု​လုပ်​ကြောင်း​ ​ထင်​ရှား​စွာ​ ​တွေ့​ရှိ​ပါ​က​ ​ထောင်​ဒဏ်​ ​၆​ ​လ​ထိ​ဖြစ်​စေ​၊​ ​ဒဏ်​ငွေ​ ​ပေါင်​စ​တာ​လင်​ ​၅၀၀၀​ ​ထိ​ဖြစ်​စေ​ ​ချ​မှတ်​နိုင်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here