​​​က​လေး​တစ်ဦး​ ​ရ​ရှိ​သည့်​ Tablet​ ​ကွန်​ပျူ​တာ​​​အ​တွင်း​ ​အ​ပြာ​​​ပုံ​ရိပ်​များ​ ​ပါ​ဝင်လာ

alt

အ​မေ​ရိ​ကန်​မှ​ ​လင်​မ​ယား​နှစ်ဦး​သည်​ ၎င်း​တို့​၏​ ​အ​သက်​ ​၁၂​ ​နှစ်​အ​ရွယ်​သ​မီး​ ​ခ​ရ​စ္စ​မတ်​ ​လက်​ဆောင်​အ​ဖြစ်​ ​ရ​ရှိ​သည့်​ Tablet​ ကွန်​ပျူ​တာ​အ​တွင်း​ ​အ​ပြာ​ပုံ​ရိပ်​ Applictaion ​များ​ ​ထည့်​သွင်း​ထား​သ​ဖြင့်​ ​အံ့ဩ​ထိတ်​လန့်​ခဲ့​ရ​သည်​။​ ​

အ​သက်​ ​၁၂​ ​နှစ်​မှ​ ​၁၅​ ​နှစ်​ကြား​ ​သ​မီး​များ​အ​တွက်​ Coby​ Kyros​ Pad များ​ ​ဝယ်​ပေး​ခဲ့​ရာ​ ​၁၂​ ​နှစ်​သ​မီး​လေး​က​ ​သူ​မ​၏​ iPad ​အ​တွင်း​ ထူး​ထူး​ဆန်း​ဆန်း​ ​ပုံ​များ​ကို​ ​တွေ့​ရှိ​သ​ဖြင့်​ ​ယင်း​တို့​အား​ ​လာ​ပြ​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ယင်း Tablet​ ကွန်​ပျူ​တာ​များ​သည်​ Apple​ ထုတ်​ iPad​ နှင့်​ ​ဆင်​တူ​သည်​။​ ​ဟာ​ရီ​ယွန်​တွင်​ ​နေ​ထိုင်​သည့်​ ​ဂျေး​ဟာ​ဒ​ရင်​က​ ​ယင်း​၏​ ​သ​မီး​များ​အ​တွက်​ Tablet ​ဝယ်​ယူ​ရန်​ ​မှာ​ကြား​စဥ်​ ​မည်​သည့်​​ပ​ရို​ဂ​ရမ်​ကို​မှ​ ​ကြို​မ​ထည့်​​ခိုင်း​ထား​​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​

အ​ရေး​ဆိုင်​မှ​ ​အ​ကြီး​တန်း​ ​ထုတ်​ကုန်​မန်​နေ​ဂျာ​ ​မိုက်​ကယ်​ပ​လာ​ဒီ​နို​က​ ​အ​မှာ​စာ​ ​ထည့်​သွင်း​ထား​သော​ ​ပ​စ္စည်း​များ​ မှား​ယွင်း​ကာ​ ​က​လေး​မ​လေး​ထံ​သို့​ ​အ​ဆို​ပါ​ Tablet​ ရောက်​ရှိ​သွား​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​သုံး​သပ်​ပြော​ဆို​ခဲ့​သည်​။​ ​ယင်း​အ​တွက်​ ​အ​ရောင်း​ဆိုင်​က​ ​မိ​သား​စု​ထံ​ ​တောင်း​ပန်​ခဲ့​ကြောင်းလည်း​ ​သိ​ရ​သည်​။​ ​အ​ခြား​သော​ Tablet​ ဝယ်​ယူ​သူ​များ​ထံ​မှ​မူ​ ​စော​ဒ​က​တက်​မှု​ ​တ​စုံ​တ​ရာ​ ​မ​ရောက်​ရှိ​လာ​ကြောင်း​လည်း​ ​ပ​လာ​ဒီ​နို​က​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here