အမေရိကန် အမျိုးသမီး​အား ရင်ဘတ်​ဓာတ်မှန် ရိုက်ကြည့်ရာ ဂျီးဆက်​ပုံရိပ်​ပေါ်လာ

alt

ခ​ရစ်​ယာန်​ ​ဘာ​သာ​ဝင်​များ​အ​နေ​နှင့်​ ​ဘု​ရား​သ​ခင်​ (​ဂျီး​ဆက်​ခ​ရစ်)​သည်​ ​လူ​တိုင်း​နှင့်​အ​တူ​ ​ရှိ​နေ​သည်​ဟု​ ​ယုံ​ကြည်​သက်​ဝင်​ ​လက်​ခံ​ထား​ကြ​သည်​။​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​အင်​ဒီ​ယား​နား​ရှိ​ ​အယ်​ဝုဒ်​တွင်​ ​နေ​ထိုင်​သော​ ​အ​မျိုး​သ​မီး​ ​တစ်ဦး​က​မူ​ ​ယင်း​သည်​

အ​လွန်​မှန်​ကန်​သည်​ဟု​ ​သက်​သေ​ပြ​နိုင်​ကြောင်း​ ​ကြွေး​ကြော်​လျက်​ရှိ​သည်​။​ ​

ကာ​ရင်​ဆစ်​လာ​ဆို​သော​ ​အ​မျိုး​သ​မီး​သည်​ ​န​မိုး​နီး​ယား​ကြောင့်​ ​ဒီ​ဇင်​ဘာ​ ​၁၂​ ​ရက်​နေ့​က​ ​ဆေး​ရုံ​တက်​ခဲ့​ရ​ပြီး​နောက်​ ​ရင်​ဘတ်​ကို​ ​ဓာတ်​မှန်​ရိုက်​ခဲ့​ရာ​ ​ဂျီး​ဆက်​၏​ ​ပုံ​ရိပ်​မှာ​ ​ဓာတ်​မှန်​တွင်​ ​ထင်​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​သူ​မ​က​ ​ဂျီး​ဆက်​၏​ ​ထင်​ရှား​သော​ ​ရုပ်​ပုံ​လွှာ​ကို​ ​နှ​လုံး​၏​ ​အ​ထက်​တွင်​ ​တွေ့​ခဲ့​ရ​ကြောင်း​ဆို​သည်​။​ ​မ​ကြာ​သေး​မီ​က​ ​ရင်​သား​ကင်​ဆာ​အ​တွက်​ ​ခွဲ​စိတ်​မှု​ ​ခံ​ယူ​ခဲ့​ရ​သေး​သည့်​ ​ကာ​ရင်​က​ ​သူ​မ​သည်​ ​သေ​ဆုံး​မည်​ကို​ ​ကြောက်​ရွံ့​သော​စိတ်​ဖြင့်​ ​ဘု​ရား​သ​ခင်အား​ ​တောင့်​တ​တိုင်​တည်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ထို့​အ​ပြင်​ ​သူ​မ​အ​နေ​နှင့်​ ​ကင်​ဆာ​ကြောင့်​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ခံ​စား​ရ​ချိန်​တွင်​ ​အ​သံ​တစ်​ခု​က​ ​ဘု​ရား​သ​ခင်​သည်​ ​သူ​မ​အား​ ​ကု​စား​ပေး​မည်​ဟု​ ​ပြော​ဆို​ခဲ့​သည်​ကို​ ​ကြား​ခဲ့​ကြောင်း​ ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​သည်​။​ ​

ကာ​ရင်​က​ ​ဘု​ရား​သ​ခင်​အ​ပေါ်​ ​သူ​မ​၏​ ​ယုံ​ကြည်​မှု​သည်​ ​ဓာတ်​မှန်​ကြောင့်​ ​ပို​ပြီး​ခိုင်​မာ​လာ​ကြောင်း​ ​ဖွင့်​ဟ​ခဲ့​သည်​။​ ​ဂျီး​ဆက်​နှင့်​ ​ဆင်​တူ​သော​ ​ပုံ​ရိပ်​သည်​ ​ဘု​ရား​သ​ခင်​က​ ​သူ​မ​အား​ ​စောင့်​ရှောက်​နေ​ခြင်း​ဟု​ ​ခံ​စား​ရ​စေ​ကြောင်း​လည်း​ ​ကာ​ရင်​က​ ​ပြော​ကြား​သွား​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here