​​​သက်တမ်းရင့် ရုရှား​​စစ်ဖက်​​ကုန်တင်​လေယာဉ် ပျက်ကျ

alt

ရုရှား​နိုင်ငံတွင် သုံးစွဲ​နေသည့် သက်တမ်းရင့် စစ်​ဖက်ကုန်​တင်လေယာဥ်​တစ်စင်း ပျက်ကျ​ခဲ့ရာ လိုက်ပါ​လာသူ ၁၂ ဦးလုံး သေဆုံး​​သွားကြောင်း သိရသည်။ ဒီဇင်ဘာ ၂၈ ရက်နေ့က မော်စကို​တောင်ပိုင်း​တွင် ပျက်ကျသော လေယာဥ်နှင့် ပတ်သက်ပြီး စုံစမ်းမှုများ ပြုလုပ်​သည့်နောက်

လိုက်ပါ​လာသူအားလုံး သေဆုံးကြောင်း အတည်​ပြုခဲ့သည်။ An-22 အမျိုးအစား လေယာဥ်​သည် အနောက်​တောင်ပိုင်း ဗိုရိုနက်မှ ပျံသန်းလာရင်း တူလာတွင် ပျက်ကျခဲ့ခြင်းြ​ဖစ်သည်။ ထိုနေရာ​သည် မော်စကိုမှ မိုင် ၁၂၀ အကွာတွင် တည်ရှိသည်။ အင်ဂျင်​လေးလုံး​တပ် လေယာဥ်​ပျက်ကျရသည့် အကြောင်းရင်း​ကိုမူ မသိရသေးချေ။

သေဆုံးသူ အားလုံးမှာ စစ်မှုထမ်းများဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ An-22 များသည် ၁၉၆၀ ပြည့်လွန်နှစ်များက ဒီဇိုင်းထုတ်ခဲ့သည့် လေယာဥ်များဖြစ်ပြီး မက်ထရစ်တန် ၆၀ ထိ အလေးချိန်ကို တင်ဆောင်နိုင်သည်။ စစ်သည်တင်ရန် အသုံးပြုပါက တပ်သား ၃၀၀ ကို သယ်ဆောင်သွားနိုင်သည်။ ယင်းလေယာဥ်များသည် ယခုအချိန်ထိ ရုရှားစစ်ဖက် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အသုံးဝင်နေဆဲဖြစ်သည်။ ယခုပျက်ကျသွားသည့် လေယာဥ်မှာမူ ၁၉၇၄ ခုနှစ်က တည်ဆောက်ထားခြင်းဖြစ်သည်။

စစ်ဖက်က လေယာဥ်ပျက်ကျမှု ဖြစ်ပွား​ပြီးနောက် တာဝန်​​ထမ်းဆောင်နေသည့် အခြား An-22 လေယာဥ်များနှင့် အမျိုးအစားတူ အင်ဂျင်ကို သုံးစွဲ​ထားသည့် Tu-95 လေယာဥ်များကို ချက်ချင်း​မြေပေါ်​ဆင်းခိုင်းကာ စစ်ဆေးမှုများ​ပြုလုပ်နေကြောင်း ပြောကြား​သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here